News

နွေဦးတော်လှန်ရေးကို ထောက်ကူရင်း ရင်းနှီးမြုပ်နှံနိုင်ဖို့ မန္တလေး နန်းတွင်းက မြေတွေကို အကွက်ရိုက် လေလံ ပစ်မယ်လို့ NUG ကြေညာ၊

နွေဦးတော်လှန်ရေးကို ထောက်ကူရင်း ရင်းနှီးမြုပ်နှံနိုင်ဖို့ မန္တလေး နန်းတွင်းက မြေတွေကို အကွက်ရိုက် လေလံ ပစ်မယ်လို့ NUG ကြေညာ၊ MFP ၊ စက်တင်ဘာ – ၁၇ နွေဦးတော်လှန်ရေးကို ထောက်ပံ့ကူညီရင်း စီးပွားရေးအရ ရင်းနှီးမြုပ်နှံလိုသူတွေအတွက် မန္တလေး နန်းမြို့ရိုးအတွင်းက စစ်အုပ်စု သိမ်းပိုက်ထားတဲ့ မြေနေရာကို အကွက်ရိုက်ပြီး လေလံတင် ရောင်းချပေးမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ကြေညာပါတယ်။ လက်ရှိမှာ […]

News

တစ်ဒေါ်လာ၏ တန်ဖိုးကို အမျိုးမျိုးပြောင်းလဲအောင် လုပ်ဆောင်နိုင်တဲ့ ဗဟိုဘဏ်ရဲ့ မျက်လှည့်ပြကွက်များ (ဂုဏ်ယူစရာပါပဲ)…

ရှေ့နောက်ဆီလျော်မှုမရှိသေ ာဗဟိုဘဏ်ဒေါ်လာထိန်းကြောင်းမှုများ။ ဗဟိုဘဏ် ရည်ညွန်းစျေး ၁ ဒေါ်လာ = ၂၁၀၀ ကျပ်။ ဗဟိုဘဏ် ခွင့်ပြုသည့် AD လိုင်စင်ရဘဏ်များရောင်းဝယ်ရမည့်စျေး ၁ ဒေါ်လာ = ၂၁၀၆ ကျပ် (အများဆုံး) (ရည်ညွှန်းဈေးရဲ့ အပေါင်းအနုတ် ၀.၃ ရာခိုင်နှုန်း)။ ဗဟိုဘဏ် ရွှေဒင်္ဂါးထုတ်ရောင်းသည့်ဈေး ၁ ဒေါ်လာ = ၃၂၀၀ ကျပ် ဝန်းကျင်ဖြင့် တွက်ချက်သည်။ တရားဝင်ခွင့်ပြုထားသော မှောင်ခိုဈေး ၁ […]

News

ကုလညီလာခံမှာ မြန်မာပြည်သူတွေဘက်က ရပ်တည်ပြောဆိုမယ်လို့ မလေးရှားအစိုးရ ပြောကြား

ကုလညီလာခံမှာ မြန်မာပြည်သူတွေဘက်က ရပ်တည်ပြောဆိုမယ်လို့ မလေးရှားအစိုးရ ပြောကြား ~~~~~ ■ လာမယ့်စက်တင်ဘာ ၁၉ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ အမေရိကန်နိုင်ငံ နယူးရောက်မြို့မှာ ကျင်းပမယ့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ပြောဆိုမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။ ဒါ့အပြင် အစည်းအဝေး အများအပြားမှာလည်း မြန်မာပြည်အကြောင်း ထည့်သွင်းပြောဆိုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ […]

News

မြောက်ပိုင်းမဟာမိတ် FPNCC အဖွဲ့ဝင် AA ၊ MNDAA ၊ NDAA ၊ SSPP တို့နှင့် UWSA တွေ့ဆုံ

မြောက်ပိုင်းမဟာမိတ် FPNCC အဖွဲ့ဝင် AA ၊ MNDAA ၊ NDAA ၊ SSPP တို့နှင့် UWSA တွေ့ဆုံ ရန်ကုန်၊ စက်တင်ဘာ ၁၇ NCA စာချုပ်ကို လက်မှတ် မထိုးရသေးသည့်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်း ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင် AA ၊ MNDAA ၊ NDAA ၊ SSPP /SSAA အဖွဲ့များနှင့် […]

News

ဒီနေ့ နေ့လယ်ပိုင်း စက်တင်ဘာ ၁၇ ၊ ၂၀၂၂ စနေနေ့ ဒေါ်လာ ငွေလဲနှုန်း-စက်သုံးဆီဈေးနှင့် ရွှေဈေး၊

ယနေ့ စက်တင်ဘာ ၁၇ ၊ ၂၀၂၂ စနေနေ့ ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော အမေရိကန်ဒေါ်လာ ငွေလဲနှုန်းသည် တစ်ဒေါ်လာ ကျပ် 3320-3370 ဝန်းကျင် ဖြစ်သည်။ ဗဟိုဘဏ် ရည်ညွှန်းဈေး ကျပ် 2100 (± 3) ဖြစ်သည်။ အခြားငွေကြေးလဲနှုန်းများမှာ ယူရိုဒေါ်လာ 3250-3400 ကျပ်၊ စင်ကာပူ ဒေါ်လာ 2350-2450 ကျပ်၊ အိန္ဒိယရူပီး 32-37 ကျပ် မလေးရှား ရင်းဂစ် […]

News

“အဆုံးသတ် တိုက်ပွဲအချိန် ရောက်ပြီ” ဟု AA ဒုစစ်ဦးချုပ် တပ်လှန့်

“အဆုံးသတ် တိုက်ပွဲအချိန် ရောက်ပြီ” ဟု AA ဒုစစ်ဦးချုပ် တပ်လှန့် မဇ္ဈိမ ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန်လာသည်နှင့်တပြိုင်နက် အဆုံးအဖြတ်ပေးမည့် အဆုံးသတ်တိုက်ပွဲအချိန်ရောက်ပြီ ဟု ရက္ခိုင့်တပ်တော် (AA) ဒုစစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က အသိပေးတပ်လှန့် လိုက်သည်။ AA က ကြွေးကြော်ထားသည့် ရက္ခိတလမ်းစဉ်ကို အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် လက်ရှိတကျော့ပြန် ပြင်းထန်လာနေသောတိုက်ပွဲသည် “အဆုံးအဖြတ်နဲ့ အဆုံးသတ်တိုက်ပွဲ” ဖြစ်သည်ဟု ဒေါက်တာညိုထွန်းအောင်က စက်တင်ဘာလ ၁၆ […]

News

စစ်​ကောင်စီက သတ်မှတ်နှုန်းဖြင့်မ​ရောင်း၍ဆိုကာ ​ငွေလဲ​ကောင်တာအချို့ကိုအ​ရေးယူ

စစ်​ကောင်စီက သတ်မှတ်နှုန်းဖြင့်မ​ရောင်း၍ဆိုကာ ​ငွေလဲ​ကောင်တာအချို့ကိုအ​ရေးယူ ▪︎​စစ်​ကောင်စီသတ်မှတ်နှုန်းဖြင့်​ရောင်း​ပေး​သော​ကောင်တာမရှိဘဲယခုကဲသို့အ​ရေးယူခြင်းမှာ ကျပ်​ငွေတန်ဖိုးကျဆင်းခြင်းအ​ပေါ် ​​ငွေလဲကောင်တာများအ​ပေါ်အပစ်ပုံချမှုဟုလုပ်ငန်းရှင်များ​ပြော စောနွေဦး/People’s Spring ​​ဒေါ်လာလဲနှုန်းကိုပြင်ပ​ဈေးထက်များစွာ​လျှော့ဖွင့်ထား​သောစစ်ကောင်စီ၏ ဗဟိုဘဏ်ကသတ်မှတ်ဈေးအတိုင်းမရောင်း၍ဟုဆိုကာ ငွေလဲကောင်တာအချို့အား လိုင်စင်ကိုသုံးလ ရပ်ဆိုင်းကြောင်း ယမန်နေ့(စက်တင်ဘာ ၁၆ )ကထုတ်ပြန်သည်။ ပြည်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ကျပ် ၅၀၀၀ ခန့်အထိစံချိန်တင်မြင့်တက်လာပြီးနောက် ငွေလဲကောင်တာအချို့ကို အပြစ်ပုံချ၍ စစ်ကောင်စီဗဟိုဘဏ်က ယခုကဲ့သို့ အရေးယူခြင်းဖြစ်​ကြောင်း​ငွေလဲ​ကောင်တာပိုင်ရှင်အချို့က​ပြောသည်။ “ဈေးကွက်ကို အာဏာနဲ့ထိန်းချုပ်ဖို့ ကြိုးစားတာ။ဈေးကွက်သဘောအရမို့ သူတို့က ခြိမ်းခြောက်တာက အလုပ်ဖြစ်မယ် မထင်ဘူး”ဟုငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း “စစ်ကောင်စီက […]

News

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲကျင်းပ

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲကျင်းပ ~~~~~ ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ) ■ စက်တင်ဘာ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ဆွေးနွေးပြောဆိုချက်တွေကို သတင်းမီဒီယာတွေကို မထုတ်ပြန်ပေမယ့်၊ ဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အိုင်ယာလန်နိုင်ငံ ကုလသမဂ္ဂသံအမတ်ကတော့ ဒီအစည်းအဝေးကို တံခါးပိတ်ကျင်းပရတာအတွက် နောင်တရမိတယ်လို့ သတင်းမီဒီယာတွေကို ပြောပါတယ်။ “ဒီအစည်းအဝေးကို တံခါးပိတ်ဆွေးနွေးပွဲအဖြစ် ထပ်ပြီးကျင်းပရတာအတွက် စိတ်မကောင်းပါဘူး။ […]

News

AA ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်ဇက်ရေယာဉ်ကိုထိမှန်စက်ရပ်ကာ စစ်သားများကိုအပြောင်းအလဲလုပ်ခဲ့ရဟုဆို

AA ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်ဇက်ရေယာဉ်ကိုထိမှန်၊ မီးခိုးများထွက်လာပြီးနောက် မကျည်းကျွန်းအနီးတွင်ရေယာဉ်စက်ရပ်ကာ စစ်သားများကိုအပြောင်းအလဲလုပ်ခဲ့ရဟုဆို နိရဉ္စရာ၊ စက်တင်ဘာ ၁၆/၂၀၂၂ ယနေ့ နေ့လယ်က တောင်ကုတ်ချောင်းထဲတွင် ခုတ်မောင်းနေသည့် ရေတပ်ဇက်ရေယာဉ်ကို ရက္ခိုင်တပ်တော် (AA)က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီး ၎င်းလက်နက်ကြီးကျည်မှာ ဇက်ရေယာဉ်ကို ထိမှန်ခဲ့သည်ဟု သိရသည်။ ၎င်းရေယာဉ်ကို လက်နက်ကြီးကျည်ထိမှန်ခဲ့သဖြင့် ဇက်ရေယာဉ်ပေါ်က မီးခိုးများ ထွက်လာပြီး စက်ရပ်သွားကာ မကျည်းကျွန်းအနီးတွင် ထိုးရပ်သွားခဲ့သည်ဟု ဆိုသည်။ ပါလာသည့် စစ်ကောင်စီတပ်သားများကို တခြားဇက်ရေယာဉ် တစ်စီးဖြင့် ချိန်းကာ မာန်အောင်ကျွန်းဘက်သို့ […]

News

နတ်ရွာစံ ဘုရင်မကြီး ကို ဂါရဝပြုရန် လာရောက်သည့် တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့ ခန်းမအတွင်း ဝင်ခွင့်မရ

နတ်ရွာစံ ဘုရင်မကြီး အဲလိဇဘက်သ်ကို ဂါရဝပြုရန် လာရောက်သည့် တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့ ခန်းမအတွင်း ဝင်ခွင့်မရ * * * * * နတ်ရွာစံသွားသည့် ဒုတိယမြောက် အဲလိဇဘက်သ် ဘုရင်မကြီး (Queen Elizabeth II) ကို လာရောက်ဂါရဝပြုသည့် တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့ကို ဘုရင်မကြီး၏ ခေါင်းတလားထားရှိရာ Westminster ခန်းမအတွင်းသို့ ဝင်ခွင့်မပြုခဲ့ဟု နားလည်ရကြောင်း BBC သတင်းက ဖော်ပြသည်။ ဗြိတိန်အောက်လွှတ်တော်ဥက္ကဌ Sir Lindsay […]