နိုင်လား ရှုံးလား ပညာရှင်စကား

စာရေးသူကို ဘယ်သူနိုင်မှာလဲမေးရင် ဒီမိုတပ်တွေနိုင်မယ်လို့ ပြောမှာပါ။ NP သတင်းက ဘောမကျော်မျိုးမင်းကိုမေးရင်တော့ သူက နေပြည်တော်ကနေ အပြင်မထွက်ရဲဘဲ သူ့အဘနိုင်မယ်လို့သာပြောမှာပါ။ သူ့ကိုလဲ ပညာပေးရမယ့်အချိန်တော့ ရောက်နေပါပြီ။ သူက လုံခြုံတယ်ပြောနေတော့ သူ့စကားအတွက် သက်သေပေါ့။

ဇွန်လ ၁၇ ရက်နေ့က စင်ကာပူက ISEAS က သုတေသနလုပ်သူတွေက မအလတပ်ဟာ တဖြေးဖြေးနဲ့နယ်တွေကို လက်လွှတ်လာနေရပြီး ရခိုင် AA နဲ့ ဝတပ် UWSA က တိုက်ရင်၊ ဒါမှမဟုတ် PDF တွေကိုတတိယနိုင်ငံတစ်ခုခုက ထောက်ပံ့ရင် စစ်ရှုံးသွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ နောက်သူက တပ်ထဲက ဗိုလ်မှူးချုပ်အဆင့် ဘက်ပြောင်းသွားရင်လဲ တပ်ထဲမှာ စိတ်ဓာတ်ကျမှု ပိုဆိုးလာနိုင်တယ်လို့သုံးသပ်ထားပါတယ်။ ဒါမှမဟုတ် တပ်ထဲမှာ အချင်းချင်း မအလကို အာဏာပြန်သိမ်းတာလဲ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ဒီအချက်တွေမပါဘဲ PDF ကတိုက်ပြီးနိုင်ဖို့က အားလုံးညီညွတ်ရင်တော့ တစ်သွေးတစ်သံတစ်မိန့်နဲ့NUG အောက်ဆိုရင်တော့ ရနိုင်မယ်လို့ သုံးသပ်ထားပါတယ်။ သူက မအလတပ်ဟာ စစ်ရှုံးရင်အရပ်သားတွေကို ရှုံးမဲ မဲလာမှာဖြစ်လို့ ဒုက္ခသည်တွေများလာမှာဖြစ်ကြောင်း ဒီအတွက် အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေအနေနဲ့ ပြင်ဆင်ထားဖို့လဲ ပြောတားပါတယ်။ သူက NUG အောက်ကPDF အင်အားက ငါးသောင်းနဲ့ ဒေသခံ PDF က ခုနှစ်သောင်း စုစုပေါင်း တစ်သိန်းကျော်လို့ ခန့်မှန်းထားပြီး အဓိကစိန်ခေါ်မှုက လက်နက်ရှားပါးမှုလို့ သုံးသပ်ထားပါတယ်။

အကျဉ်းချုပ်ရရင် PDF တွေက အားကောင်းလာနေပြီး နိုင်ငံတကာကို NUG နဲ့ တွေ့ဆုံဆွေးနွေးထားဖို့ဒီမိုတွေမနိုင်ခင် မအလက ရက်စက်နိုင်လို့ ဆိုးရွားချိန်မှာ ကူညီီဖို့ ပြင်ဆင်ထားဖို့ကိုလဲ ရေးထားပါတယ်။ သူကနေရောင်မမြင်ခင် မှောင်မိုက်တဲ့ညကိုတော့ ဖြတ်ရအုံးမယ်လို့ ဆိုထားပါတယ်။

ဒီနေရာမှာ စာရေးသူထပ်စိန်ခေါ်လိုတာက မအလကနိုင်နေပြီလို့ ဘောမပြောနေတဲ့ NP သတင်းထောက်နဲ့ ဖွတ်သတင်းထောက်တွေ နေပြည်တော်ကနေ ခင်ဦးကို အလည်တစ်ခေါက် သတင်းယူထွက်ပြီးမြေပြင်သတင်းအမှန်လေးတင်ပြကြည့်ပါလို့သာ ပြောပါရစေ။ လုပ်ရဲရင်ပေါ့။

(ကိုးကား- ISEAS YUSOF ISHAK INSTITUTE)

စာေရးသူကို ဘယ္သူနိုင္မွာလဲေမးရင္ ဒီမိုတပ္ေတြနိုင္မယ္လို႔ ေျပာမွာပါ။ NP သတင္းက ေဘာမေက်ာ္မ်ိဳးမင္းကိုေမးရင္ေတာ့ သူက ေနျပည္ေတာ္ကေန အျပင္မထြက္ရဲဘဲ သူ႔အဘနိုင္မယ္လို႔သာေျပာမွာပါ။ သူ႔ကိုလဲ ပညာေပးရမယ့္အခ်ိန္ေတာ့ ေရာက္ေနပါၿပီ။ သူက လုံျခဳံတယ္ေျပာေနေတာ့ သူ႔စကားအတြက္ သက္ေသေပါ့။

ဇြန္လ ၁၇ ရက္ေန႔က စင္ကာပူက ISEAS က သုေတသနလုပ္သူေတြက မအလတပ္ဟာ တေျဖးေျဖးနဲ႔နယ္ေတြကို လက္လႊတ္လာေနရၿပီး ရခိုင္ AA နဲ႔ ဝတပ္ UWSA က တိုက္ရင္၊ ဒါမွမဟုတ္ PDF ေတြကိုတတိယနိုင္ငံတစ္ခုခုက ေထာက္ပံ့ရင္ စစ္ရႈံးသြားနိုင္တယ္လို႔ သုံးသပ္ထားပါတယ္။ ေနာက္သူက တပ္ထဲက ဗိုလ္မႉးခ်ဳပ္အဆင့္ ဘက္ေျပာင္းသြားရင္လဲ တပ္ထဲမွာ စိတ္ဓာတ္က်မႈ ပိုဆိုးလာနိုင္တယ္လို႔သုံးသပ္ထားပါတယ္။ ဒါမွမဟုတ္ တပ္ထဲမွာ အခ်င္းခ်င္း မအလကို အာဏာျပန္သိမ္းတာလဲ ျဖစ္လာနိုင္တယ္လို႔ သုံးသပ္ထားပါတယ္။

ဒီအခ်က္ေတြမပါဘဲ PDF ကတိုက္ၿပီးနိုင္ဖို႔က အားလုံးညီညြတ္ရင္ေတာ့ တစ္ေသြးတစ္သံတစ္မိန္႔နဲ႔NUG ေအာက္ဆိုရင္ေတာ့ ရနိုင္မယ္လို႔ သုံးသပ္ထားပါတယ္။ သူက မအလတပ္ဟာ စစ္ရႈံးရင္အရပ္သားေတြကို ရႈံးမဲ မဲလာမွာျဖစ္လို႔ ဒုကၡသည္ေတြမ်ားလာမွာျဖစ္ေၾကာင္း ဒီအတြက္ အိမ္နီးခ်င္းနိုင္ငံေတြ၊ ေဒသတြင္းနိုင္ငံေတြအေနနဲ႔ ျပင္ဆင္ထားဖို႔လဲ ေျပာတားပါတယ္။ သူက NUG ေအာက္ကPDF အင္အားက ငါးေသာင္းနဲ႔ ေဒသခံ PDF က ခုႏွစ္ေသာင္း စုစုေပါင္း တစ္သိန္းေက်ာ္လို႔ ခန္႔မွန္းထားၿပီး အဓိကစိန္ေခၚမႈက လက္နက္ရွားပါးမႈလို႔ သုံးသပ္ထားပါတယ္။

အက်ဥ္းခ်ဳပ္ရရင္ PDF ေတြက အားေကာင္းလာေနၿပီး နိုင္ငံတကာကို NUG နဲ႔ ေတြ႕ဆုံေဆြးေႏြးထားဖို႔ဒီမိုေတြမနိုင္ခင္ မအလက ရက္စက္နိုင္လို႔ ဆိုးရြားခ်ိန္မွာ ကူညီီဖို႔ ျပင္ဆင္ထားဖို႔ကိုလဲ ေရးထားပါတယ္။ သူကေနေရာင္မျမင္ခင္ ေမွာင္မိုက္တဲ့ညကိုေတာ့ ျဖတ္ရအုံးမယ္လို႔ ဆိုထားပါတယ္။

ဒီေနရာမွာ စာေရးသူထပ္စိန္ေခၚလိုတာက မအလကနိုင္ေနၿပီလို႔ ေဘာမေျပာေနတဲ့ NP သတင္းေထာက္နဲ႔ ဖြတ္သတင္းေထာက္ေတြ ေနျပည္ေတာ္ကေန ခင္ဦးကို အလည္တစ္ေခါက္ သတင္းယူထြက္ၿပီးေျမျပင္သတင္းအမွန္ေလးတင္ျပၾကည့္ပါလို႔သာ ေျပာပါရေစ။ လုပ္ရဲရင္ေပါ့။

(ကိုးကား- ISEAS YUSOF ISHAK INSTITUTE)

 

Be the first to comment

Leave a Reply

Your email address will not be published.


*