သူဌေးသူကြွယ် စီးပွားရေးလုပ်ငန်းရှင်များ တော်လှန်ရေးတွင် ပါဝင်ကြရန် ဗိုလ်နဂါးတိုက်တွန်း ရုပ်သံ

သူဌေးသူကြွယ် စီးပွားရေးလုပ်ငန်းရှင်တွေ “ဘယ်သူသေသေ ငတေမာ” စိတ်ဓာတ်နဲ့ မထားဘဲ တော်လှန်ရေးမှာ ပါဝင်လာဖို့ မြန်မာ့တော်ဝင် နဂါးတပ်တော်ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက တိုက်တွန်းလိုက်ပါတယ်။

ဒီလိုပါဝင်လာမယ်ဆိုရင် ပြည်သူတွေက ကျေးဇူးတင်မှာဖြစ်ပြီး ဒီလိုမဟုတ်ဘဲ တော်လှန်ရေး အောင်မြင်ခါနီးမှ ပါဝင်လာမယ်ဆိုရင်တော့ မျက်နှာငယ်ရလိမ့်မယ်လို့လည်း ဗိုလ်နဂါးက သတိပေးလိုက်ပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့ဟာ အောက်ခြေလူတန်းစားတွေအတွက်ပဲ အရေးကြီးတာ မဟုတ်ဘဲ စီးပွားရေးသမားတွေအတွက်လည်း အကျိုးအမြတ်တွေ လမ်းဖွင့်ပေးနိုင်တယ်လို့ ဗိုလ်နဂါးက ဒီဗွီဘီနဲ့ သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။

“သူဌေးသူကြွယ်တွေ၊ လုပ်ငန်းရှင်တွေ အများကြီးရှိတယ်။ မကူညီကြဘူး။ အဲ့ဒီလူတွေက အရိုင်းစိုင်းဆုံးစကားနဲ့ ပြောရရင် ဘယ်သူသေသေ ငတေမာဆိုတဲ့ တကယ်တမ်း လူယုတ်မာတွေပဲ၊ လူပေါ်ကြော့တွေ၊ လူ့အဖျင်းစားတွေပဲ။ တကယ်တမ်းသာ သူတို့ ဒီတော်လှန်ရေးမှာ ပါဝင်လာရင် ကျနော်တို့ပြည်သူတွေက အမှတ်ရနေလောက်အောင် ကျေးဇူးတင်စရာ ကောင်းလောက်အောင်ကို အားကောင်းမှာ။ ဒါပေမဲ့ သူတို့ ပြုပြင်ချင်စိတ်ရှိပါစေ။ အဲ့လိုမဟုတ်ရင်တော့ နိုင်မြင်းကျမှ ရွေးလောင်းမယ်ဆိုရင်တော့ ကျနော်တို့ အောင်ပွဲရခါနီးမှ ဝင်လာရင် သူတို့ မျက်နှာငယ်ရပါလိမ့်မယ်ဆိုတာ သေချာတယ်။”

အခုအတိုင်း သွားနေမယ်ဆိုရင်တော့ ဘယ်လောက် ချမ်းသာပြည့်စုံတဲ့ ဘယ်လိုလုပ်ငန်းရှင်မျိုးမဆို စစ်တပ်ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေအောက်မှာ လုပ်ရကိုင်ရတာ ဖရိုဖရဲနဲ့ အားလုံးအတွက် အခက်အခဲကြုံနေမှာ ဖြစ်တယ်လို့လည်း ဗိုလ်နဂါးက ပြောပါတယ်။

“ဒီညံ့ဖျင်းတဲ့ အစိုးရတရပ်ကို ဖယ်ထုတ်ဖို့ ကြိုးစားနေတဲ့နေရာမှာ နိုင်ငံရဲ့ စီးပွားရေးအင်အားကို အဓိကချုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေက ဘာလို့ တော်လှန်ရေးကို အားမဖြည့်နိုင်ရမှာလဲ။ ဒီလက်အောက်က လွတ်မြောက်ဖို့ ကျနော်တို့ အောက်ခြေလူတန်းစားတွေပဲ လိုနေတာမဟုတ်ဘူး။ သူတို့လို လုပ်ငန်းရှင်တွေ ပိုပြီးတော့တောင် ဒီတော်လှန်ရေးပြီးရင် အကျိုးအမြတ်တွေ ရှာဖွေဖန်တီးနိုင်လိမ့်မယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပူးပေါင်းစီးပွားရှာလို့ ပိုတောင် အကျိုးအမြတ် ရှိကြလိမ့်မယ်။”

ဗိုလ်နဂါးဟာ မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA ကို ထူထောင်ခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး သူ့ရဲ့တပ်တွေဟာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကို အခြေပြုကာ ထိစပ်နေတဲ့ ကနီမြို့နယ်၊ ဘုတလင်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တွေအထိ ဖြန့်ကြက်ပြီး စစ်အာဏာရှင်ကို လက်နက်ကိုင် ခုခံတော်လှန် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

သူေဌးသူႂကြယ္ စီးပြားေရးလုပ္ငန္းရွင္ေတြ “ဘယ္သူေသေသ ငေတမာ” စိတ္ဓာတ္နဲ႔ မထားဘဲ ေတာ္လွန္ေရးမွာ ပါဝင္လာဖို႔ ျမန္မာ့ေတာ္ဝင္ နဂါးတပ္ေတာ္ရဲ့ ေခါင္းေဆာင္ ဗိုလ္နဂါးက တိုက္တြန္းလိုက္ပါတယ္။

ဒီလိုပါဝင္လာမယ္ဆိုရင္ ျပည္သူေတြက ေက်းဇူးတင္မွာျဖစ္ၿပီး ဒီလိုမဟုတ္ဘဲ ေတာ္လွန္ေရး ေအာင္ျမင္ခါနီးမွ ပါဝင္လာမယ္ဆိုရင္ေတာ့ မ်က္ႏွာငယ္ရလိမ့္မယ္လို႔လည္း ဗိုလ္နဂါးက သတိေပးလိုက္ပါတယ္။

ေတာ္လွန္ေရးေအာင္ျမင္ဖို႔ဟာ ေအာက္ေျခလူတန္းစားေတြအတြက္ပဲ အေရးႀကီးတာ မဟုတ္ဘဲ စီးပြားေရးသမားေတြအတြက္လည္း အက်ိဳးအျမတ္ေတြ လမ္းဖြင့္ေပးနိုင္တယ္လို႔ ဗိုလ္နဂါးက ဒီဗြီဘီနဲ႔ သီးသန႔္အင္တာဗ်ဴးမွာ ေျပာပါတယ္။

“သူေဌးသူႂကြယ္ေတြ၊ လုပ္ငန္းရွင္ေတြ အမ်ားႀကီးရွိတယ္။ မကူညီၾကဘူး။ အဲ့ဒီလူေတြက အရိုင္းစိုင္းဆုံးစကားနဲ႔ ေျပာရရင္ ဘယ္သူေသေသ ငေတမာဆိုတဲ့ တကယ္တမ္း လူယုတ္မာေတြပဲ၊ လူေပၚေၾကာ့ေတြ၊ လူ႔အဖ်င္းစားေတြပဲ။ တကယ္တမ္းသာ သူတို႔ ဒီေတာ္လွန္ေရးမွာ ပါဝင္လာရင္ က်ေနာ္တို႔ျပည္သူေတြက အမွတ္ရေနေလာက္ေအာင္ ေက်းဇူးတင္စရာ ေကာင္းေလာက္ေအာင္ကို အားေကာင္းမွာ။ ဒါေပမဲ့ သူတို႔ ျပဳျပင္ခ်င္စိတ္ရွိပါေစ။ အဲ့လိုမဟုတ္ရင္ေတာ့ နိုင္ျမင္းက်မွ ေရြးေလာင္းမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ေအာင္ပြဲရခါနီးမွ ဝင္လာရင္ သူတို႔ မ်က္ႏွာငယ္ရပါလိမ့္မယ္ဆိုတာ ေသခ်ာတယ္။”

အခုအတိုင္း သြားေနမယ္ဆိုရင္ေတာ့ ဘယ္ေလာက္ ခ်မ္းသာျပည့္စုံတဲ့ ဘယ္လိုလုပ္ငန္းရွင္မ်ိဳးမဆို စစ္တပ္ရဲ့ ညံ့ဖ်င္းတဲ့ စီမံခန႔္ခြဲမႈေတြေအာက္မွာ လုပ္ရကိုင္ရတာ ဖရိုဖရဲနဲ႔ အားလုံးအတြက္ အခက္အခဲၾကဳံေနမွာ ျဖစ္တယ္လို႔လည္း ဗိုလ္နဂါးက ေျပာပါတယ္။

“ဒီညံ့ဖ်င္းတဲ့ အစိုးရတရပ္ကို ဖယ္ထုတ္ဖို႔ ႀကိဳးစားေနတဲ့ေနရာမွာ နိုင္ငံရဲ့ စီးပြားေရးအင္အားကို အဓိကခ်ဳပ္ကိုင္ထားတဲ့ ပုဂၢိဳလ္ေတြက ဘာလို႔ ေတာ္လွန္ေရးကို အားမျဖည့္နိုင္ရမွာလဲ။ ဒီလက္ေအာက္က လြတ္ေျမာက္ဖို႔ က်ေနာ္တို႔ ေအာက္ေျခလူတန္းစားေတြပဲ လိုေနတာမဟုတ္ဘူး။ သူတို႔လို လုပ္ငန္းရွင္ေတြ ပိုၿပီးေတာ့ေတာင္ ဒီေတာ္လွန္ေရးၿပီးရင္ အက်ိဳးအျမတ္ေတြ ရွာေဖြဖန္တီးနိုင္လိမ့္မယ္။ နိုင္ငံတကာ ရင္းႏွီးျမႇုပ္ႏွံမႈေတြနဲ႔ ပူးေပါင္းစီးပြားရွာလို႔ ပိုေတာင္ အက်ိဳးအျမတ္ ရွိၾကလိမ့္မယ္။”

ဗိုလ္နဂါးဟာ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္-MRDA ကို ထူေထာင္ခဲ့တဲ့ ေခါင္းေဆာင္တဦးျဖစ္ၿပီး သူ႔ရဲ့တပ္ေတြဟာ စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္ကို အေျချပဳကာ ထိစပ္ေနတဲ့ ကနီၿမိဳ႕နယ္၊ ဘုတလင္ၿမိဳ႕နယ္၊ ယင္းမာပင္ၿမိဳ႕နယ္၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ ၿမိဳင္ၿမိဳ႕နယ္၊ ေပါက္ၿမိဳ႕နယ္ေတြအထိ ျဖန႔္ၾကက္ၿပီး စစ္အာဏာရွင္ကို လက္နက္ကိုင္ ခုခံေတာ္လွန္ တိုက္ခိုက္ေနၾကတာ ျဖစ္ပါတယ္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*