တော်လှန်ရေးဝင်ငွေရနေသည့် PDF အွန်လိုင်းဂိမ်းများကို ပိတ်ပင်ရန် စစ်ကောင်စီ အမိန့်ထုတ်

စစ်အာဏာရှင် ဖြုတ်ချရေး ရန်ပုံငွေရှာဖွေရန် လူငယ်များ တီထွင်ဖန်တီးထားသည့် အွန်လိုင်း ဂိမ်းအမျိုးအစားများကို ပိတ်ပင်ရန်၊ ကြော်ငြာထည့်သွင်းသူများကို ဖော်ထုတ်ရန် စစ်ကောင်စီက ညွှန်ကြားလိုက်သည်။

နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး လက်မှတ်ဖြင့် စစ်ကိုင်းတိုင်းအတွင်း ဌာနဆိုင်ရာများကို ယမန်နေ့(စက်တင်ဘာ ၂၁)က ညွှန်ကြားစာတွင် လက်ကိုင်ဖုန်းများ၌ ထည့်သွင်းကစားသည့် PDF ဂိမ်းများကို အရေးယူရန် အမိန့်ပေးထားသည်ကို တွေ့ရသည်။

လက်ကိုင်ဖုန်းများတွင် PDF Game Application များ ထည့်သွင်းကစားနေကြောင်း၊ ထိုဂိမ်းများမှာ PDF Hero ၊ PDF Hero-2 ၊ End Game-Union Multiplayer War of Heroes တို့ဖြစ်ပြီး စစ်တိုက် ကစားရန် လိုအပ်သည့် ကျည်ဆန်ကို ဂိမ်းတွင်ပါဝင်သည့် ကြော်ငြာများကြည့်၍ ဖြည့်တင်းရ ကြောင်း စစ်ကောင်စီ ညွှန်ကြားစာတွင်ပါဝင်သည်။

ထိုဂိမ်းကို ဆော့ကစားသူတို့က ကြော်ငြာများအားလုံး ကြည့်ရှုပါက အလှူငွေ ၅၀ ကျပ် အလိုအလျောက် ပေးသွင်းပြီးဖြစ်သည်ဟု စစ်ကောင်စီကဆိုထားသည်။

PDF Game ကစားခြင်းသည် အကြမ်းဖက်အဖွဲ့အစည်းများအား အထောက်အပံ့ပေးနေခြင်း ဖြစ်ကြောင်းအား လူငယ်များအတွင်း သိရှိနားလည်စေရန် အသိပညာပေးကြော်ငြာရန်၊ စစ်ဆေးရေးဂိတ်များ၌ ပြည်သူတို့၏ လက်ကိုင်ဖုန်းအတွင်း PDF ဂိမ်းရှိမရှိ စစ်ဆေးရန် စစ်ကောင်စီက စီစဉ်ထားသည်။

ထို့အပြင် “အခကြေးငွေပေး၍ ကြော်ငြာထည့်သွင်းနေသည့် လုပ်ငန်းရှင်များအား ဖော်ထုတ် အရေးယူခြင်းများ ပြုလုပ်သွားရန် အကြောင်းကြားပါသည်” ဟု Myanmar Now က ရရှိထားသည့် စစ်ကောင်စီ၏ ညွှန်ကြားစာတွင် တွေ့ရသည်။

ယင်းသို့ အမိန့်စာကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ၎င်းတို့လက်အောက်ခံ ဌာနဆိုင်ရာများကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ညွှန်ကြားထားပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိုဂိမ်းများကို ဆော့ကစားသူတို့သည် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်နိုင်သည်။ PDF ဂိမ်းအချို့တွင် ခေါင်းဆောင်များဖြစ်သည့် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့ကိုပါ သတ်ဖြတ်၍ ဆော့ကစားနိုင်သည်ဖြစ်ရာ ပြည်တွင်း၊ ပြည်ပ၌ လွန်စွာရေပန်းစားသည်။

စထွန်းအောင်/Myanmar Now

ပုံစာ – တော်လှန်ရေး အွန်လိုင်းဂိမ်းများအနက် နာမည်ကြီးသည့် PDF Game ကြော်ငြာများ။ ဓာတ်ပုံ – The PDF Game

Be the first to comment

Leave a Reply

Your email address will not be published.

*