ပြည်သူလူထုအား နေ့စဥ်လက်နက်ကြီးဖြင့် ပ-စ်ခ-တ်သ-တ်ဖြ-တ်နေသော (၁၀၂) တပ်တွင်းရှိ လ-က်န-က်တို-က်မီ-းလော-င်ခြင်း။

ပြည်သူလူထုအား နေ့စဥ်လက်နက်ကြီးဖြင့် ပစ်ခက်သတ်ဖြတ်နေသော (၁၀၂) တပ်တွင်းရှိ လက်နက်တိုက်မီးလောင်ခြင်း။

၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ (၂၂)ရက်နေ့

စင်တင်ဘာလ (၂၂)ရက်နေ့ မနက်ပိုင်းမှစ၍ ဒီးမော့ဆိုမြို့နယ်အတွင်း မိမိတို့ KNDF ၊ KA ၊ PDF ပူးပေါင်းတပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခဲ့ပါသည်။

ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်မှ လက်နက်ကြီး အဆမတန် ပစ်ခက်နေသော ငွေတောင်အခြေစိုက် (၁၀၂)တပ်ရင်းထဲရှိ လက်နက်တိုက်တစ်ခုမှာ နေ့လည် (၁)နာရီခွဲအချိန်တွင် ပေါက်ကွဲမှုများဖြစ်ပေါ်၍ မီးစတင်လောင်ကျွမ်း ခဲ့ကြောင်းတွေ့ရပါသည်။

စစ်ကောင်စီတပ်မှ မီးငြိမ်းရန်ကြိုးစားနေခဲ့သော်လည်း မိမိတို့ပူးပေါင်းတပ်များဖက်မှ တာဝေးပစ် လက်နက်ကြီးအချို့ အသုံးပြုကာ ထပ်မံပစ်ခက်ခြင်းကြောင့် အဆိုပါ မီးလောင်ကျွမ်းနေသော လက်နက်တိုက်များမှာ အဆင့်ဆင့် အဆက်မပြက်ပေါက်ကွဲကာ ညနေပိုင်းထိ မီးလောင်ကျွမ်းနေခဲ့ကာ ၎င်းတို့တပ်တွင်း၌လည်း အော်ဟစ်ဆူညံမှုများ ဖြစ်ပေါ်နေခဲ့ပါသည်။

အဆိုပါ လက်နက်တိုက် မီးလောင်ကျွမ်းခဲ့သော စစ်ကောင်စီ၏ ငွေတောင်အခြေစိုက် အမှတ် (၁၀၂)တပ် ရင်းမှာ နေ့စဥ်နီးပါး ပြည်သူလူထုများအား ပစ်မှတ်ထားကာ လူနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခက်တိုက်ခိုက်နေသော တပ်ရင်းဖြစ်ပြီး ထိုသို့ပစ်ခက်နိုင်ရန် ၎င်းတို့အတွက် အရေးပါလှသော လက်နက်တိုက်များအား ၎င်းတို့ တပ်သားများ ထဲမှ စတင်၍ မီးရှို့ခဲ့သည်ဟု ယူဆရပြီး မိမိတို့ဖက်မှလည်း မီးငြိမ်းရန်ကြိုးစားနေသည့် အဆိုပါ မီးလောင်နေသော လက်နက်တိုက်များအနီးသို့ ထပ်ဆင့်ပစ်ခက်တိုက်ခိုက် ခြင်းများကို လုပ်ဆောင်နိုင်ခဲ့ပါသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း မိမိတို့ကရင်နီပူပေါင်းတပ်များ နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်လျှက်ရှိနေပြီး အထိနာနေသောအကြမ်းဖက် စစ်ကောင်စီတပ်များဖက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခက်လျှက်ရှိနေသောကြောင့် တိုက်ပွဲများနှင့် အနီးဝန်ကျင်တွင် ရှိနေသော ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့်လည်း ဘေးလွတ်ရာတွင် နေထိုင်ကြပါရန် မေတ္တာရပ်ခံအသိပေးအပ်ပါသည်။

KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန ။

ျပည္သူလူထုအား ေန႔စဥ္လက္နက္ႀကီးျဖင့္ ပစ္ခက္သတ္ျဖတ္ေနေသာ (၁၀၂) တပ္တြင္းရွိ လက္နက္တိုက္မီးေလာင္ျခင္း။

၂၀၂၂ ခုႏွစ္ ၊ စက္တင္ဘာလ (၂၂)ရက္ေန႔

စင္တင္ဘာလ (၂၂)ရက္ေန႔ မနက္ပိုင္းမွစ၍ ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္း မိမိတို႔ KNDF ၊ KA ၊ PDF ပူးေပါင္းတပ္မ်ားႏွင့္ အၾကမ္းဖက္ စစ္ေကာင္စီတပ္ဖြဲ႕မ်ားအၾကား ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားေနခဲ့ပါသည္။

ထိေတြ႕တိုက္ပြဲမ်ားအတြင္း အၾကမ္းဖက္စစ္ေကာင္စီဖက္မွ လက္နက္ႀကီး အဆမတန္ ပစ္ခက္ေနေသာ ေငြေတာင္အေျခစိုက္ (၁၀၂)တပ္ရင္းထဲရွိ လက္နက္တိုက္တစ္ခုမွာ ေန႔လည္ (၁)နာရီခြဲအခ်ိန္တြင္ ေပါက္ကြဲမႈမ်ားျဖစ္ေပၚ၍ မီးစတင္ေလာင္ကၽြမ္း ခဲ့ေၾကာင္းေတြ႕ရပါသည္။

စစ္ေကာင္စီတပ္မွ မီးၿငိမ္းရန္ႀကိဳးစားေနခဲ့ေသာ္လည္း မိမိတို႔ပူးေပါင္းတပ္မ်ားဖက္မွ တာေဝးပစ္ လက္နက္ႀကီးအခ်ိဳ႕ အသုံးျပဳကာ ထပ္မံပစ္ခက္ျခင္းေၾကာင့္ အဆိုပါ မီးေလာင္ကၽြမ္းေနေသာ လက္နက္တိုက္မ်ားမွာ အဆင့္ဆင့္ အဆက္မျပက္ေပါက္ကြဲကာ ညေနပိုင္းထိ မီးေလာင္ကၽြမ္းေနခဲ့ကာ ၎တို႔တပ္တြင္း၌လည္း ေအာ္ဟစ္ဆူညံမႈမ်ား ျဖစ္ေပၚေနခဲ့ပါသည္။

အဆိုပါ လက္နက္တိုက္ မီးေလာင္ကၽြမ္းခဲ့ေသာ စစ္ေကာင္စီ၏ ေငြေတာင္အေျခစိုက္ အမွတ္ (၁၀၂)တပ္ ရင္းမွာ ေန႔စဥ္နီးပါး ျပည္သူလူထုမ်ားအား ပစ္မွတ္ထားကာ လူေနထိုင္ရာ ေက်းရြာမ်ားသို႔ လက္နက္ႀကီးမ်ား ပစ္ခက္တိုက္ခိုက္ေနေသာ တပ္ရင္းျဖစ္ၿပီး ထိုသို႔ပစ္ခက္နိုင္ရန္ ၎တို႔အတြက္ အေရးပါလွေသာ လက္နက္တိုက္မ်ားအား ၎တို႔ တပ္သားမ်ား ထဲမွ စတင္၍ မီးရွို႔ခဲ့သည္ဟု ယူဆရၿပီး မိမိတို႔ဖက္မွလည္း မီးၿငိမ္းရန္ႀကိဳးစားေနသည့္ အဆိုပါ မီးေလာင္ေနေသာ လက္နက္တိုက္မ်ားအနီးသို႔ ထပ္ဆင့္ပစ္ခက္တိုက္ခိုက္ ျခင္းမ်ားကို လုပ္ေဆာင္နိုင္ခဲ့ပါသည္။

ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္း မိမိတို႔ကရင္နီပူေပါင္းတပ္မ်ား ႏွင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕မ်ားအၾကား ထိေတြ႕တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္လၽွက္ရွိေနၿပီး အထိနာေနေသာအၾကမ္းဖက္ စစ္ေကာင္စီတပ္မ်ားဖက္မွလည္း လက္နက္ႀကီးမ်ားျဖင့္ ပစ္ခက္လၽွက္ရွိေနေသာေၾကာင့္ တိုက္ပြဲမ်ားႏွင့္ အနီးဝန္က်င္တြင္ ရွိေနေသာ ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ားအေနျဖင့္လည္း ေဘးလြတ္ရာတြင္ ေနထိုင္ၾကပါရန္ ေမတၱာရပ္ခံအသိေပးအပ္ပါသည္။

KNDF ဗဟို သတင္းႏွင့္ျပန္ၾကားေရးဌာန ။

Be the first to comment

Leave a Reply

Your email address will not be published.


*