စပါးရိတ်သိမ်းကြမည့်သူတွေ သတိ မိုး ⛈

၂၄နာရီမှ ၄၈နာရီအတွင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော် ကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်း မန္တလေးတိုင်း မကွေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ကချင်ပြည်နယ်တွေမှာ မိုးရွာနိုင်ပါတယ် မည်သည့်မုန်တိုင်းအန္တရာယ်မှမရှိပါဘူး

ကျောက်ဆည် စဉ့်ကိုင် ပလိပ် မြစ်ငယ် တံတားဦး အမရပူရ လေမိုးလျှပ်စီးမိုးကြိုး မိုး 🌧🌧🌧⛈⛈⛈⛈⛈⛈ ISSUED TIME 22/09/2022

 

မဘိမ်း မံစီ ကသာ ရွှေကူ လေမိုးလျှပ်စီးမိုးကြိုး မိုး ISSUED TIME 22/09/2022

စပါးရိတ်သိမ်းကြမည့်သူတွေသတိ မိုး ⛈⛈⛈⛈⛈⛈

ပုပ္ပါးတောင်တော် စကားဝါမြေမှာ မိုးတွေရွာမယ်လေ

 

၂၀၂၂ စက်တင်ဘာလ ၂၅ရက်နေ့မှ ၃ဝရက်နေ့အတွင်း တောင်တရုတ်ပင်လယ်ပြင်မှာမုန်တိုင်းတစ်လုံးသိုမဟုတ် နှစ်လုံးဆက်တိုက်ဖြစ်ပေါ်နိုင်ပြီး တရုတ်နိုင်ငံ ဟိုင်နမ်ကျွန်းနှင့် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမြောက်ပိုင်းဒေသတွေကိုခြိမ်းခြောက်နိုင်ပါတယ်

 

အများနားလည်နိုင်ကြစေရန်အတွက် မိုးလေဝသပညာရပ်ဆိုင်ရာဝေါဟာရများကိုအသုံးပြုမှုရှောင်ရှားကာ မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်မှုအခြေအနေကိုခန့်မှန်းပေးသွားပါမယ်

 

၂၀၂၂ စက်တင်ဘာလ ၂၆ရက်နေ့နှင့် ၂ရရက်နေ့တို့တွင် ရေငွေ့ပါဝင်တဲ့လေစီးသက်ရောက်မှုက တနင်္သာရီ တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း

ပဲခူးတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာမိုးများစွာရွာသွန်းနိုင်သဖြင့် စပါးရိတ်သိမ်းကြမည့်သူများ ပျက်စီးမှုမရှိအောင်ကြိုတင်ပြင်ဆင်ကြပါ အဆိုပါနေ့ရက်တွေမှာပဲ နေပြည်တော်

 

မန္တလေးတိုင်း မကွေးတိုင်းတွေမိုးရွာနိုင်သဖြင့် မြေပဲဖော်ခြင်းနှမ်းခါခြင်းလုပ်ငန်းဆောင်ကြမယ့် တောင်သူလယ်သမားတွေလည်း ပျက်စီးမှုမရှိအောင် ကြိုတင်စိမံခန့်ခွဲလုပ်ဆောင်ကြပါလို့ ရက်ကြိုတင်ခန့်မှန်းပေးလိုက်ပါတယ်

 

စက်တင်ဘာလကုန် အောက်တိုဘာလ ပထမပတ်မှာလည်းအောက်မြန်မာနိုင်ငံတွေမှာ တောင်တရုတ်ပင်လယ်ပြင်ရဲ့ မုန်တိုင်းဖြစ်ပေါ်နိုင်မှုအလာအလာရှိပြီး ဖျက်မိုးအန္တရာယ်ရှိနိုင်သဖြင့်

 

အထူးသတိထားစောင့်ကြည့်ထောက်လှမ်းကာ အဆင့်မြင့် weather data အချက်အလက်များဝယ်ယူပြီး စိစစ်တွက်ချက်ကာ အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားမှာဖြစ်ပါတယ်

 

မင်းဂွတ်သီးလေးရဲ့ တတ်ကျွမ်းတဲ့မိုးလေဝသပညာရပ်ဖြင့် ချစ်တဲ့နိုင်ငံတော်နှင့် တောင်သူလယ်သမားတွေ ရာသီဥတုကိုတည်မှိလုပ်ကိုင်နေကြသူတွေအတွက် မေတ္တာစေတနာအပြည့်ဖြင့် ရက်ဝေးရက်နီးခန့်မှန်းချက်တွေခန့်မှန်းပေးနေပါတယ်နော်

လအဝေးကြီးကထဲကလည်းခန့်မှန်းပေးထားပြီးသားဖြစ်ပါတယ်



 




 


 


 



 


 


 


 



Be the first to comment

Leave a Reply

Your email address will not be published.


*