မန္တလေး စည်ပင်အရာရှိရိပ်သာဝင်းအတွင်း ဗုံ-းပေါ-က် ကွဲ

မန္တလေး စည်ပင်အရာရှိရိပ်သာဝင်းအတွင်း ဗုံးပေါက် ကွဲပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်၊ စစ်တပ်ဘက်မှ ၂ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၃

မန္တလေး၊ ၃၆ ၆၉ လမ်းရှိ စည်ပင်အရာရှိရိပ်သာဝင်းအတွင်း ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် ဗုံးပေါက်ကွဲပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် မန္တလေးစည်ပင်အရာရှိရိပ်သာတွင် ယခင်အပတ်က စစ်ကောင်စီတပ်များ ဘန်ကာများဖြင့် အခိုင်အမာတပ်စွဲခဲ့ကြပြီး ယနေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ စစ်တပ်က ဗုံးပေါက်ပြီးနောက် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

“ပေါက်ကွဲမှုဖြစ်ပြီးတော့ သေနတ်သံ ၂ ချက် ၃ ချက် ဆက်တိုက်ကြားရတယ်။ အထိအခိုက် ၂ ဦးရှိတယ်။ လမ်းတွေပိတ်သွားပါပြီ။ သွားလို့မရတော့ဘူး။ အရပ်ဝတ်နဲ့ခွေးများလမ်းပေါ်မှာရှိနေကြပါတယ်။ စစ်ခွေးကားတချို့လည်းမြင်ရတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ဆိုသည်။

မန္တလေးကင်းထောက် VOMDY က စည်ပင်ဝင်းထဲဗုံး​​ပေါက်ပြီးနောက် စစ်တပ်က ပစ်ခတ်နေ၍ ပြည်သူများ ယင်းနေရာကို ရှောင်တိမ်းသွားလာကြရန်နှင့် လက်ရှိအချိန်တွင် လမ်းများပိတ်ဆို့ထားကြောင်း ပြည်သူများကို သတိ ပေးချက် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မန္တလေး စည်ပင်အရာရှိရိပ်သာဝင်းအတွင်း ယနေ့ ညနေ ပိုင်း ဗုံးပေါက်ပြီးနောက် လမ်းများကို သံဆူးကြိုးဘယ်ရီရာများဖြင့်ပိတ်ဆို့ထားစဉ်။

မႏၲေလး စည္ပင္အရာရွိရိပ္သာဝင္းအတြင္း ဗုံးေပါက္ ကြဲၿပီး စစ္တပ္က ရမ္းသမ္းပစ္ခတ္၊ စစ္တပ္ဘက္မွ ၂ ဦးထိခိုက္ဒဏ္ရာရ

ရန္ကုန္၊ စက္တင္ဘာ ၂၃

မႏၲေလး၊ ၃၆ ၆၉ လမ္းရွိ စည္ပင္အရာရွိရိပ္သာဝင္းအတြင္း ယေန႔ ညေန ၄ နာရီ ၄၅ မိနစ္အခ်ိန္ ဗုံးေပါက္ကြဲၿပီး စစ္တပ္က ရမ္းသမ္းပစ္ခတ္မႈမ်ားလုပ္ေဆာင္ေနေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုၾကသည္။

စက္တင္ဘာလ ၂၃ ရက္ေန႔ ညေန ၄ နာရီ ၄၅ မိနစ္အခ်ိန္ မႏၲေလးစည္ပင္အရာရွိရိပ္သာတြင္ ယခင္အပတ္က စစ္ေကာင္စီတပ္မ်ား ဘန္ကာမ်ားျဖင့္ အခိုင္အမာတပ္စြဲခဲ့ၾကၿပီး ယေန႔တြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားျခင္းျဖစ္ေၾကာင္း၊ စစ္တပ္က ဗုံးေပါက္ၿပီးေနာက္ ေသနတ္ျဖင့္ ရမ္းသမ္းပစ္ခတ္မႈမ်ား လုပ္ေဆာင္ေၾကာင္း သိရွိရသည္။

“ေပါက္ကြဲမႈျဖစ္ၿပီးေတာ့ ေသနတ္သံ ၂ ခ်က္ ၃ ခ်က္ ဆက္တိုက္ၾကားရတယ္။ အထိအခိုက္ ၂ ဦးရွိတယ္။ လမ္းေတြပိတ္သြားပါၿပီ။ သြားလို႔မရေတာ့ဘူး။ အရပ္ဝတ္နဲ႔ေခြးမ်ားလမ္းေပၚမွာရွိေနၾကပါတယ္။ စစ္ေခြးကားတခ်ိဳ႕လည္းျမင္ရတယ္” ဟု မႏၲေလးေဒသခံတစ္ဦးက ဆိုသည္။

မႏၲေလးကင္းေထာက္ VOMDY က စည္ပင္ဝင္းထဲဗုံး​​ေပါက္ၿပီးေနာက္ စစ္တပ္က ပစ္ခတ္ေန၍ ျပည္သူမ်ား ယင္းေနရာကို ေရွာင္တိမ္းသြားလာၾကရန္ႏွင့္ လက္ရွိအခ်ိန္တြင္ လမ္းမ်ားပိတ္ဆို႔ထားေၾကာင္း ျပည္သူမ်ားကို သတိ ေပးခ်က္ ထုတ္ျပန္ထားသည္။

ဓာတ္ပုံ- မႏၲေလး စည္ပင္အရာရွိရိပ္သာဝင္းအတြင္း ယေန႔ ညေန ပိုင္း ဗုံးေပါက္ၿပီးေနာက္ လမ္းမ်ားကို သံဆူးႀကိဳးဘယ္ရီရာမ်ားျဖင့္ပိတ္ဆို႔ထားစဥ္။

Be the first to comment

Leave a Reply

Your email address will not be published.


*