NUG နဲ့ တွေ့ဆုံဆွေးနွေးတာ မလုပ်ဖို့ အာဆီယံကို စစ်ကောင်စီပြော

NUG နဲ့ တွေ့ဆုံဆွေးနွေးတာ မလုပ်ဖို့ အာဆီယံကို စစ်ကောင်စီပြော
~~~

■ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အာဆီယံနိုင်ငံတွေကြား တွေ့ဆုံဆွေးနွေးတာတွေ မလုပ်ဖို့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဒုဝန်ကြီး Dr. KUNG Phoak နဲ့ ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံချိန်မှာ အခုလိုပြောလိုက်တာလို့ စစ်ကောင်စီဘက်က မနေ့က ထုတ်ပြန်ပါတယ်။

ဒီလိုတွေ့ဆုံဆွေးနွေးတာတွေ ဖြစ်မလာအောင် ကမ္ဘောဒီးယားနိုင်ငံဘက်က တားမြစ်ပေးပါလို့လည်း ဦးဝဏ္ဏမောင်လွင်က ပြောခဲ့ပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တာကိုလည်း ကန့်ကွက်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)၊ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) နဲ့ မလေးရှားအစိုးရ အပါအဝင် မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကတော့ အာဆီယံအနေနဲ့ NUG အစိုးရကို တရားဝင်တွေ့ဆုံဖို့ တောင်းဆိုနေပါတယ်။

အာဆီယံက ချမှတ်ထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်တာ မရှိဘူးလို့ ပြောဆိုထားကြတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံအစည်းအဝေးမှာ ဒီဘုံသဘောတူညီချက်တွေ တကယ် အလုပ်ဖြစ်၊ မဖြစ်ဆိုတာ ပြန်သုံးသပ်ဖို့နဲ့ နောက်ထပ် အစီအစဉ်တစ်ခုနဲ့ အစားထိုးသင့်၊ မသင့်ဆိုတာကို ပြန်ဆုံးဖြတ်ကြဖို့ အာဆီယံနိုင်ငံတွေကို တိုက်တွန်း သွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောဆိုထားပါတယ်။

Photo – စစ်ကောင်စီနိုင်ငံခြားရေးဌာန (ကမ္ဘောဒီးယားနိုင်ငံခြားရေးဒုဝန်ကြီးနဲ့ ဦးဝဏ္ဏမောင်လွင်တို့ စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ဆုံစဉ်)

NUG နဲ႔ ေတြ႕ဆုံေဆြးေႏြးတာ မလုပ္ဖို႔ အာဆီယံကို စစ္ေကာင္စီေျပာ
~~~

■ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG နဲ႔ အာဆီယံနိုင္ငံေတြၾကား ေတြ႕ဆုံေဆြးေႏြးတာေတြ မလုပ္ဖို႔ စစ္ေကာင္စီခန႔္ နိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္က ေျပာဆိုလိုက္ပါတယ္။

ျမန္မာနိုင္ငံကို အလည္အပတ္ေရာက္ေနတဲ့ အာဆီယံ အလွည့္က်ဥကၠ႒ ကေမၻာဒီးယားနိုင္ငံရဲ့ နိုင္ငံျခားေရးဒုဝန္ႀကီး Dr. KUNG Phoak နဲ႔ ဦးဝဏၰေမာင္လြင္တို႔ ေတြ႕ဆုံခ်ိန္မွာ အခုလိုေျပာလိုက္တာလို႔ စစ္ေကာင္စီဘက္က မေန႔က ထုတ္ျပန္ပါတယ္။

ဒီလိုေတြ႕ဆုံေဆြးေႏြးတာေတြ ျဖစ္မလာေအာင္ ကေမၻာဒီးယားနိုင္ငံဘက္က တားျမစ္ေပးပါလို႔လည္း ဦးဝဏၰေမာင္လြင္က ေျပာခဲ့ပါတယ္။

မေလးရွား နိုင္ငံျခားေရးဝန္ႀကီးနဲ႔ အမ်ိဳးသား ညီညြတ္ေရးအစိုးရ (NUG) ဝန္ႀကီးေတြ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးခဲ့တာကိုလည္း ကန႔္ကြက္တယ္လို႔ ဆိုပါတယ္။

ကုလသမဂၢအရာရွိေဟာင္းေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ျမန္မာဆိုင္ရာ အထူးအႀကံေပးေကာင္စီ (SAC-M)၊ အာဆီယံ လႊတ္ေတာ္အမတ္မ်ားအဖြဲ႕ (APHR) နဲ႔ မေလးရွားအစိုးရ အပါအဝင္ ျမန္မာ့အေရး လႈပ္ရွားေနတဲ့ အဖြဲ႕အစည္းေတြကေတာ့ အာဆီယံအေနနဲ႔ NUG အစိုးရကို တရားဝင္ေတြ႕ဆုံဖို႔ ေတာင္းဆိုေနပါတယ္။

အာဆီယံက ခ်မွတ္ထားတဲ့ ျမန္မာ့အေရး ဘုံသေဘာတူညီခ်က္ ငါးခ်က္ကို စစ္ေကာင္စီဘက္က လိုက္နာေဆာင္ရြက္တာ မရွိဘူးလို႔ ေျပာဆိုထားၾကတာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ လာမယ့္ နိုဝင္ဘာလမွာ က်င္းပမယ့္ အာဆီယံအစည္းအေဝးမွာ ဒီဘုံသေဘာတူညီခ်က္ေတြ တကယ္ အလုပ္ျဖစ္၊ မျဖစ္ဆိုတာ ျပန္သုံးသပ္ဖို႔နဲ႔ ေနာက္ထပ္ အစီအစဥ္တစ္ခုနဲ႔ အစားထိုးသင့္၊ မသင့္ဆိုတာကို ျပန္ဆုံးျဖတ္ၾကဖို႔ အာဆီယံနိုင္ငံေတြကို တိုက္တြန္း သြားမယ္လို႔ မေလးရွားနိုင္ငံျခားေရးဝန္ႀကီး ဆိုင္ဖူဒင္ အဗၺဒူလာက ေျပာဆိုထားပါတယ္။

Photo – စစ္ေကာင္စီနိုင္ငံျခားေရးဌာန (ကေမၻာဒီးယားနိုင္ငံျခားေရးဒုဝန္ႀကီးနဲ႔ ဦးဝဏၰေမာင္လြင္တို႔ စက္တင္ဘာလ ၂၁ ရက္ေန႔က ေတြ႕ဆုံစဥ္)

Be the first to comment

Leave a Reply

Your email address will not be published.


*