၂၄နာရီအတွင်းရွာမယ်ဆိုရွာမှာပါပဲမိုးနည်းရပ်ဝန်းကြီးရေ …

ပြင်ဦးလွင် ဝက်ဝံ ပိတ်ချင်းမြောင် လေမိုး လျှပ်စီးမိုးကြိုး မိုး ISSUED TIME 23/09/2022

 

မိတ္ထီလာကန်မယ် ဖားကောက်ခဲ့ပါကွယ် ISSUED TIME 23/09/2022၊ ကနီ ညောင်ကန် ဘုတလင် မုံရွာ မိုးတွေရွာမယ်တဲ့ လျှပ်စီးမိုးကြိုး သတိပြုပါ

ရက်ကြိုတင်ခန့်မှန်းချက် – တောင်တရုတ်ပင်လယ်ပြင်မှာ NORU TYPHOON မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာနိုင်ပြီး အဆိုပါမုန်တိုင်း NORU(UAC)
မြန်မာနိုင်ငံကို

 

စက်တင်ဘာလ ၂၉ရက်နေ့မှ အောက်တိုဘာလ ၂ရက်နေ့အတွင်းရောက်ရှိလာနိုင်ပြီး အဆိုပါရက်တွေမှာ ကရင်ပြည်နယ် မွန်ပြည်နယ်

ရန်ကုန်တိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်း နေပြည်တော် မကွေးတိုင်းဒေသကြီးတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ်

 

မုန်တိုင်းအန္တရာယ်မရှိပါဘူး ရက်ဝေးလည်းကြိုတင်ခန့်မှန်းပေးထားပါတယ် ပြည်သူတွေအားလုံးအတွက် မင်းဂွတ်သီးလေးရဲ့ တတ်ကျွမ်းတဲ့ မိုးလေဝသပညာရပ်ဖြင့် အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်းပြီး ခန့်မှန်းပေးနေပါတယ်

ရက်ကြိုတင်ခန့်မှန်းပေးထားတဲ့အတိုင်း ရွာမယ်ဆိုရွာမှာပါပဲမိုးနည်းရပ်ဝန်းကြီးရေ ၂၄နာရီအတွင်း

ရမည်းသင်းခရိုင်မိတ္ထီလာခရိုင် တောင်ကြီးခရိုင် ကျောက်ဆည်ခရိုင် မန္တလေးခရိုင် ပြင်ဦးလွင်ခရိုင် ရွှေဘိုခရိုင် မုံရွာခရိုင် စစ်ကိုင်းခရိုင်

မြင်းခြံခရိုင် ပခုက္ကူခရိုင် ညောင်ဦးခရိုင် ချောက်ခရိုင် မင်းဘူးခရိုင် မကွေးခရိုင်ဒေသတွေမှာ တောင်သူပျော်မိုးတွေရွာပါလိမ့်မယ်

 

ITCZ သည် မြောက်ကမ္ဘာခြမ်းမှ တောင်ကမ္ဘာခြမ်းဆီသို့ ရွှေ့လျှားနေသော်လည်း စက်တင်ဘာလ နောက်ဆုံးပတ်နှင့် အောက်တိုဘာလ ပထမပတ်မှာ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မိုးရွာနိုင်ချေရှိနေသေးပါတယ်

ရိတ်သိမ်းချိန်တောင်သူလယ်သမားများအတွက် ဖျက်မိုးအန္တရာယ်ရှိပါသဖြင့် အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်းပြီး ခန့်မှန်းပေးနေပါမယ်နော်

 

သီလဝနယ်မြေမှာမိုးတွေရွာမယ်လေ သာစည် ပျော်ဘွယ် ရမည်းသင်းမိုးရွာနိုင်ပြီး ၎င်း မြို့တွေရဲ့အရှေ့ဖက် ရှမ်းတောင်တန်းတောင်ခြေမိုးကြီးနိုင်သဖြင့် ကန်ရေတွေများစွာတိုးနိုင်လာနိုင်ပါတယ် သာစည် ညောင်ရမ်းကန် သက်တော်ဆည် Dam1 &Dam2 ကြီးနီကန်

ရမည်းသင်းဆိုလို့ပြောရဦးမယ် ဇာတာတော်ပုံ ရာဇဝင်ကျမ်းအရ ပုဂံခေတ်နောက်ပိုင်း မြန်မာသက္ကရာဇ် ၆၆၅ ခုနှစ်တွင် ရမည်းသင်းမြို့ကို ဆင်ဖြူမယ်မိဖုရား တည်ထောင်ခဲ့သည်ဟု ဆိုပါတယ် ထိုသို့ နန်းတည်ခဲ့ရာ၌ ကျုံးတော်ကို တူးဖော်ခဲ့ရာ စိမ့်ထွက်လာသော ရေများကို မြည်းစမ်းကြည့်သောအခါ

 

သင့်တင့်လျောက်ပတ်သော အရသာရှိသည်။ ရေကို မြည်းရာ၌ သင့်သည်၊ ရေမြည်းသင့်ဟူ၍ ခေါ်ရာမှ စကားရွေ့ပြီးလျှင် ရမည်းသင်း ဖြစ်လာသည်ဟု ဆိုကြပါတယ်

သမိုင်းမှာရမည်းသင်းစား သီလဝဆိုသူသည် မြန်မာရာဇဝင်တွင် ထင်ရှားသူတစ်ယောက်ဖြစ်ပါတယ် ရမည်းသင်းပျော်ဘွယ်နယ်မှ စပျစ်စိုက်ပျိုးကြသူများသတိထားရမှာကတော့ မိုးရွာနိုင်သဖြင့်

စပျစ်ဖြတ်ခြင်းလုပ်ငန်းမလုပ်ဆောင်သင့်သေးပါဘူး စပျစ်ဖြတ်တယ်ဆိုတာ မိုးလွတ်လေလွတ် ဖြတ်မှသာလျှင် အပွင့်နှင့် စပျစ်သီး အထွက်ကောင်းစေမှာဖြစ်ပါတယ် Crd- Su Su San



 


မြန်မာနိုင်ငံကို

 



 





 



 



 




Be the first to comment

Leave a Reply

Your email address will not be published.


*