ကျွန်တော်ကလူကြီးတစ်ယောက်ဖြစ်နေလို့ဘာမှမပြောဘဲနေတာ

အဲ့ဒီ “အဝှာ”မကို တရားစွဲရုံတင်မကဘူး အသိုင်းအဝန်းထဲကပါထုတ်ပြစ်သင့်တာ ၊ ကျွန်တော်ကလူကြီးတစ်ယောက်ဖြစ်နေလို့ဘာမှမပြောဘဲနေတာ ၊ ရှင်းစရာတွေကအများကြီး ၊

ကျွန်တော်ထံရောက်လာတဲ့အချိန်မှာ “နင်ပါတီမှာဘာလို့မလုပ်တော့တာလဲ ? ” လို့ကျွန်တော်ကမေးတော့ ၊ ” ဘဏ္ဍာရေးဌာနက တစ်ယောက်က သူကို မယားငယ်ပြုလို့”တဲ့ ၊ အော်လို့ !ကျွန်တော်ကအလုပ်ထုတ်လိုက်တော့ ဘာလျှောက်ပြောလဲဆိုတော့ ကျွန်တော်ကသူ့ကိုဟော်တယ်ခေါ်လို့တဲ့၊ အတော်ဖါကျတယ်ဗျာ၊

ဖြစ်ပုံကဒီလို ၊ ဒီကောင်မ ပထမဆုံး မေးရတဲ့သတင်းစာရှင်းလင်းပွဲမှာ ၊ ဒီကောင်မကို ပွဲထုတ်သင့်,မသင့် ကျွန်တော်တို့ MHT အယ်ဒီတာအဖွဲ့တွေတိုင်ပင်တယ် (ပေါက်ရင် ကန်မယ် ဆိုတာသိနေလို့) ၊ ဒါနဲ့ ပွဲထုတ်ပေးလိုက်မယ်ဗျာလို့ ကျွန်တော်တို့ဆုံးဖြတ်ချက်ချလိုက်တယ် ၊ ကျွန်တော်တို့ နေပြည်တော်သွားတဲ့ကားက ဒီကောင်မအပါဆို အလုံအလောက်ဘဲ ရှေ့နှစ်ယောက် နောက်သုံးယောက် ၊ ဒီကောင်မက သူ့အမေခေါ်ချင်တယ်တဲ့ ၊ မရဘူးလို့ ဒါသတင်းသမားအလုပ်လုပ်နေတာ ၊ ရုပ်ရှင်ရိုက်နေတာမဟုတ်ဘူးလို့ကျွန်တော်ပြောလိုက်တယ် ၊ နောက်တော့အခြားကားတစ်စီးနဲ့လိုက်လာမယ်တဲ့ ၊ လိုက်ခဲ့လို့ပြောလိုက်တယ် ၊

ဖြစ်ပုံကဒီလို ၊ ဒီကောင်မကို ညတိုင်း ငါးကင်လာပေးနေတဲ့ ဘောစိလိုလို အညာသားတစ်ယောက်ရှိတယ် ၊ အသက်က (၆၀)နားလောက်ရှိပြီ အသားမဲမဲ ထိပ်ပြောင်ပြောင် ပုပု ဝဝ ၊ အဲ့ဒီလူက သူတို့သားအမိကို နေပြည်တော်လိုက်ပို့တယ် ၊ နေပြည်တော်ကို ကျွန်တော်တို့ အရင်ရောက်တယ် ၊ ကျွန်တော်တို့က သူ့တို့အပါအဝင် အားလုံးအတွက် အခန်းကြိုစီစဉ်ထားတယ် ၊

သူတို့နေပြည်တော်ရောက်ပြီဆိုပြီး ကျွန်တော်တို့ကိုအကြောင်းကြားတော့ ကျွန်တော်တို့တည်းနေတဲ့ ဟော်တယ်ကိုပြောပြီး လာခဲ့လို့ပြောလိုက်တယ် ၊ သူရယ် သူ့အမေရယ် သူတို့ကိုကားနဲ့လိုက်ပို့တဲ့ ဘောစိဆိုသူရယ်က မန်းမြန်မာမှာဘဲတည်းဖို့စီစဉ်လိုက်ပြီတဲ့ ၊ ဒါဆိုပြီးရောလို့ကျွန်တော်ပြောလိုက်တယ် ၊နောက်နေ့မနက်ကျတော့ အဲ့ဒီ ဘောစိဆိုသူ ဘဲကြီးကားနဲ့ သူတို့မိသားစု ကျွန်တော်တို့ဟော်တယ်ကိုရောက်လာတယ် ၊ သူ့အမေကြီးက မသိရင်ရုပ်ရှင်သွားရိုက်မဲ့ပုံစံ ပိုက်ဆံအိပ်ကြီးကိုင်ပြီး ၊

သူကလည်း ဒေါက်ဖိနပ်ကြီးနဲ့ ရောက်လာတယ် ၊ ကျွန်တော်ကပြောတယ် ၊ အဒေါ်လိုက်လို့မရဘူးနော်လို့ ၊ ညီမဘာလို့ဒေါက်ဖိနပ်ဝတ်လာတယလဲ ၊ ဒါရုပ်ရှင်သွားရိုက်မှာမဟုတ်ဘူးလို့ပြောလိုက်တယ် ၊ ပြီးတော့ မေးခွန်းတွေကို ဘယ်လိုမေးရမယ်ဆိုတာသင်ပေးလိုက်တယ် ၊ ပြီတော့ သူတို့ဘာသာသွာမှာတဲ့ ၊ ကျွန်တော်လည်း တော်တော်စိတ်ညစ်လာတယ် ၊ အေးအေး သွားနှင့်ကြလို့ပြောလိုက်တယ် ၊ သူတို့ထွက်သွားပြီးတော့ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့တွေခေါင်းချင်းရိုက်ပြီး ဒီသတင်းစာရှင်းလင်းပွဲပြီးရင် ထုတ်လိုက်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်တည်းချလိုက်ကြတယ် ၊ သတင်းလုပ်ငန်းက ရိုးရှင်းတယ်လေ ၊

ဒါပေမဲ့ သတင်းလုပ်ငန်းကို သတင်းဝါသနာပါသူတွေဘဲလုပ်သင့်တယ် ၊ စပွန်စာရှာချင်သူတွေသတင်းလုပ်ငန်းထဲရောက်လာရင် သတင်းသမားတွေပါ သိက္ခာကျတာပေါ့ ၊ ဒါလောက်ဘဲပြောအုံးမယ်ဗျာ ၊ ပြောစရာတွေကအများကြီးပါ ၊ ဖိုမ အရှုပ်ဇယားတွေပေါ့ ၊ အဲ့ဒီမှာ ဒီကောင်မကို အခြားသူတွေက ဘာကြောင့်နင် MHT News ကထွက်လိုက်တာလဲလို့ မေးတိုင်း ကျွန်တော်က ဟော်တယ်ခေါ်လို့ လို့ဖြေတယ်ဆိုတာအမြဲကြားနေရတယ် ၊ အချိန်မကျသေးလို့ မရှင်းသေးတာပါ ၊

သူမကို ဘယ်သူက ဟော်တယ် ခေါ်ပြီး ဘာလုပ်တယ်ဆိုတာကအစ ပြောပြချင်တယ် ၊ ဒါပေမယ့် အချိန်စောင့်လိုက်ပါအုံးမယ် ၊ အဲ့ဒီသတင်းစာရှင်းလင်းပွဲကနေ ရန်ကုန်အပြန်လမ်းမှာဘဲ ကျွန်တော်တို့သတင်းဌာနမှာ သတင်းကြေညာသူတစ်ဦးအလိုရှိသည်လို့ကြေညာလိုက်တယ် ၊ သူတို့သားအမိတွေက နောက်နှစ်ရက်လောက်အကြာမှာရန်ကုန်ရောက်လာတယ် ၊ ရောက်ရောက်ချင်း သူတို့ရန်ကုန်မှာမနေရဲတော့တာကြောင့်အလုပ်ထွက်ချင်တယ်ဆိုပြီး အယ်ဒီတာချုပ်ကိုပြောတယ် ၊ အယ်ဒီတာချုပ်က ငါတို့လည်းနင့်ကို အလုပ်ထုတ်လိုက်ပြီဆိုတာပြောမလို့စောင့်နေတာလို့ပြောလိုက်တယ် ၊ ဒါလောက်ပါဘဲ ၊ အော် ကြုံရဆုံရ မြန်မာပြည်သတင်းသမား လောက !!!

ကြာခဲ့ပါပြီ တစ်နှစ်ကျော်လောက် ၊ ဒါပေမဲ့ စဉ်းစားမိတိုင်း လမ်းဘေးက ကောင်မက ရာရာ စစ လို့တွေးမိလို့ပါ။

#Aung Min

Be the first to comment

Leave a Reply

Your email address will not be published.


*