CDM ဟန္ေဆာင္ထားသည့္ ရဲေထာက္လွမ္းေရးကို PDF ဖမ္းဆီး
|CDM ဟန္ေဆာင္ထားသည့္ ရဲေထာက္လွမ္းေရးကို PDF ဖမ္းဆီး
===================
ေဝယံမိုး/ၾသဂုတ္ ၂၆ ရက္
စစ္ကိုင္းတိုင္းေဒသႀကီး၊ ယင္းမာပင္ၿမိဳ႕နယ္အတြင္း CDM ျပဳလုပ္ထားဟန္ေဆာင္ကာ PDF အဖြဲ႕ထဲဝင္ေရာက္ ေထာက္လွမ္းေနသည့္
စစ္ေကာင္စီလက္ေအာက္ခံ ရဲေထာက္လွမ္းေရးကို ယင္းမာပင္ ျပည္သူ႔ကာကြယ္ေရးတပ္က ဖမ္းဆီးလိုက္ေၾကာင္းသိရသည္။
“ဒီသတင္းကဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔ထုတ္ျပန္တာမ်ိဳးေတာ့မလုပ္ေသးပါဘူး” ဟု ျပန္ၾကားေရးတာဝန္ခံက မဇၩိမကို အတည္ျပဳေျပာဆိုသည္။
စုံစမ္းစစ္ေဆးခ်က္အရ မုံရြာအမွတ္ (၂) ရဲစခန္းမွ စည္သူၿငိမ္း၊ ကိုယ္ပိုင္အမွတ္ (၅၃၀၈၆၉) ျဖစ္သည္ဟု ေဒသခံသတင္းရင္းျမစ္ထံက သိရၿပီး မဇၩိမအေနျဖင့္
အတည္ျပဳနိုင္ရန္ ဆက္လက္စုံစမ္းဆဲျဖစ္သည္။
ယင္းမာပင္ၿမိဳ႕နယ္ ဘန္ေဘြးရြာအနီးမွ ႀကံ့ခိုင္ေရးပါတီဝင္ပိုင္ (၅) မိုင္ တိုးဂိတ္ မီးေလာင္မႈအတြက္ PDF လႈပ္ရွားမႈမ်ားအား လိုက္လံစုံစမ္းေနခ်ိန္
ဖမ္းဆီးနိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သတင္းအရင္းအျမစ္တစ္ခုကေျပာသည္။
ဩဂုတ္ ၂၃ ရက္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ခ်င္းတြင္းျမစ္ အေနာက္ဖက္ကမ္း၊ ယင္းမာပင္ၿမိဳ႕နယ္၊ မုံရြာ-ယာႀကီး-ကေလးဝလမ္းေပၚ၊
ဘန႔္ေဘြးေက်းရြာအနီးရွိ တိုးဂိတ္မီးရွို႔ခံရကာ တိုးဂိတ္မန္ေနဂ်ာဆိုသူလည္း အသတ္ခံရမႈျဖစ္ပြားခဲ့သည္။
————————
CDM ဟန်ဆောင်ထားသည့် ရဲထောက်လှမ်းရေးကို PDF ဖမ်းဆီး
===================
ဝေယံမိုး/သြဂုတ် ၂၆ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း CDM ပြုလုပ်ထားဟန်ဆောင်ကာ PDF အဖွဲ့ထဲဝင်ရောက် ထောက်လှမ်းနေသည့် စစ်ကောင်စီ
လက်အောက်ခံ ရဲထောက်လှမ်းရေးကို ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးလိုက်ကြောင်းသိရသည်။
“ဒီသတင်းကဟုတ်ပါတယ်။ ကျွန်တော်တို့ထုတ်ပြန်တာမျိုးတော့မလုပ်သေးပါဘူး” ဟု ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို အတည်ပြုပြောဆိုသည်။
စုံစမ်းစစ်ဆေးချက်အရ မုံရွာအမှတ် (၂) ရဲစခန်းမှ စည်သူငြိမ်း၊ ကိုယ်ပိုင်အမှတ် (၅၃၀၈၆၉) ဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်ထံက
သိရပြီး မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ်သည်။
ယင်းမာပင်မြို့နယ် ဘန်ဘွေးရွာအနီးမှ ကြံ့ခိုင်ရေးပါတီဝင်ပိုင် (၅) မိုင် တိုးဂိတ် မီးလောင်မှုအတွက် PDF လှုပ်ရှားမှုများအား
လိုက်လံစုံစမ်းနေချိန် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ခုကပြောသည်။
ဩဂုတ် ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ် အနောက်ဖက်ကမ်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်၊
ဘန့်ဘွေးကျေးရွာအနီးရှိ တိုးဂိတ်မီးရှို့ခံရကာ တိုးဂိတ်မန်နေဂျာဆိုသူလည်း အသတ်ခံရမှုဖြစ်ပွားခဲ့သည်။
————————