D-Day ေၾကညာၿပီး‌ေနာက္ တမူးလုံျခဳံေရးအဖြဲ႕က ျပည္သူမ်ားထံ အေရးေပၚ ပန္ၾကားစာထုတ္

D-Day ေၾကညာၿပီး‌ေနာက္ တမူးလုံျခဳံေရးအဖြဲ႕က ျပည္သူမ်ားထံ အေရးေပၚ ပန္ၾကားစာထုတ္
——–
အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG)မွ D-Day စတင္ေၾကညာလိုက္ၿပီျဖစ္၍ တမူးလုံျခဳံေရးအဖြဲ႕(TSG)က ျပည္သူမ်ားထံ အေရးေပၚ ေၾကညာခ်က္ တစ္ေစာင္ ထုတ္ျပန္လိုက္သည္။

ထိုေၾကညာခ်က္တြင္ အခ်က္ ( ၆ ) ခ်က္ပါဝင္ၿပီး TSG အေနျဖင့္ စစ္အာဏာရွင္လက္ပါးေစမ်ားႏွင့္ ၎တို႔အား ကူညီေထာက္ပံ့ေပးေနသူမ်ားကို အၿပီးသတ္ ႏွိမ္ႏွင္းေခ်မႈန္းသြားမည္ဟု ေၾကညာထားသည္။

ျပည္သူမ်ားအေနျဖင့္ ယေန႔မွစၿပီး မလိုအပ္ဘဲ ခရီးမသြားၾကရန္ ေမတၱာရပ္ခံထားၿပီး လိုအပ္သည္မ်ားကိုစုေဆာင္းကာ PDF မ်ားအား သတင္းေပးကူညီေပးရန္တိုက္တြန္းထားသည္။

သည့္အျပင္ စစ္တပ္၊ ရဲကင္းႏွင့္နီးေသာ အိမ္မ်ားကိုလည္း တိမ္းေရွာင္ေနၾကရန္ တိုက္တြန္းထားသည္။
စစ္ေကာင္စီတပ္မွ စစ္သားႏွင့္ ရဲမ်ားအေနျဖင့္လည္း လက္နက္အျပည့္အစုံျဖင့္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ထံ လာေရာက္ပါဝင္ပူးေပါင္းရန္လည္း တိုက္တြန္းထားေသးသည္။

အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) က စက္တင္ဘာ ၇ရက္က စတင္ၿပီး ျပည္သူတစ္ရပ္လုံးအေနျဖင့္ ေတာ္လွန္ၾကရန္ႏွင့္ အေရးေပၚအေျခအေနသတ္မွတ္ကာ ရက္အကန႔္အသတ္မရွိ အလုပ္ပိတ္ရက္အျဖစ္ သတ္မွတ္ေၾကာင္းကိုေၾကညာခဲ့သည္။crd–

—————–

D-Day ကြေညာပြီး‌နောက် တမူးလုံခြုံရေးအဖွဲ့က ပြည်သူများထံ အရေးပေါ် ပန်ကြားစာထုတ်
——–
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ D-Day စတင်ကြေညာလိုက်ပြီဖြစ်၍ တမူးလုံခြုံရေးအဖွဲ့(TSG)က ပြည်သူများထံ အရေးပေါ် ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။
ထိုကြေညာချက်တွင် အချက် ( ၆ ) ချက်ပါဝင်ပြီး TSG အနေဖြင့် စစ်အာဏာရှင်လက်ပါးစေများနှင့် ၎င်းတို့အား ကူညီထောက်ပံ့ပေးနေသူများကို အပြီးသတ် နှိမ်နှင်းချေမှုန်းသွားမည်ဟု ကြေညာထားသည်။
ပြည်သူများအနေဖြင့် ယနေ့မှစပြီး မလိုအပ်ဘဲ ခရီးမသွားကြရန် မေတ္တာရပ်ခံထားပြီး လိုအပ်သည်များကိုစုဆောင်းကာ PDF များအား သတင်းပေးကူညီပေးရန်တိုက်တွန်းထားသည်။
သည့်အပြင် စစ်တပ်၊ ရဲကင်းနှင့်နီးသော အိမ်များကိုလည်း တိမ်းရှောင်နေကြရန် တိုက်တွန်းထားသည်။
စစ်ကောင်စီတပ်မှ စစ်သားနှင့် ရဲများအနေဖြင့်လည်း လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ လာရောက်ပါဝင်ပူးပေါင်းရန်လည်း တိုက်တွန်းထားသေးသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ရရက်က စတင်ပြီး ပြည်သူတစ်ရပ်လုံးအနေဖြင့် တော်လှန်ကြရန်နှင့် အရေးပေါ်အခြေအနေသတ်မှတ်ကာ ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းကိုကြေညာခဲ့သည်။crd-

Add a Comment

Your email address will not be published. Required fields are marked *