DDay ထက် ပိုမိုစိတ်ဝင်စားစရာ ကောင်းသောအရာ

နွေဦးတော်လှန်ရေးက ခု ခေါင်းစဉ်နဲ့တင် နိုင်နေပြီ ဆုံးဖြတ် သိရှိနေနိုင်ပြီ အဆူံးသတ် အဖြေကို 😊

ကမ္ဘာ့အရေးမှာကြည့်ပါ စစ်ဆိုင် စစ်မြူဖြဲပြပြီး စစ်ကိုရှောင်လွဲ နိုင်ငံရေးကစားတာ မည်သူပါလဲ သာဝပထွေး သာကောပါပဲ မဟုတ်လား ?

ဒီတော့ခု သာကောဟာ ကိုယ့်မွှေးတဲ့မီးကို အချိန်မီ ကိုယ်ပြန်ငြိမ်းဖို့ အချိန်ကျရောက်လို့လာပါပြီ မဟုတ် သူ့ပါပြန်လောင်ကျွမ်းတော့မည့် မီးမဟုတ်ပါလား

ခု အကြမ်းဖက်သမားရဲ့ မင်းဆရာလည်း အခြေနေမဟန်လို့ လစ်ပြေးပြီ ငပုမှာ အားကိုးစာ ၀စိပိတ်နဲ့ နောက်လိုက် စောက်ရူးတသိုက်ပဲ ကျန်တော့တယ်

ဒါကို သူက ရအောင် စစ်ရေးနဲ့ ထွက်ပေါက်ရှာကြည့်အူးမှာ သေချာတာက ဒီပွဲ ချီးနားမပါလက်ရှောင်ပြီမို့ လက်ဖက်ခြောက်တို့ ရုရှားပြေးကပ်တာ အသေချာ ဂယ်ပေါက်တောင် အားလူံး အသင့်အနေထားနဲ့အကြောင်းက ပြည်တွင်းထဲ စစ်ဖြစ်ရင် အကျိုးစီးပွား ၈၀% နဲ့ နံပါတ်တစ်နေရာယူထားတဲ့ ချီနားဘ၀ စုန်းစုန်းမြုတ်မယ် စီးပွားကုန်သွယ် အကုန်ပျက်စီးမယ် စက်ရုံအလုပ်ရုံနဲ့ ပိုက်လိုင်းအတွက် အာမခံ မသေချာဘူး

ဒီတော့ မအလကို ဗျောင်ဝင်ကူညီပေး နောက်ကွယ်တဖက်လှည့်နဲ့ ထောက်ခံ ကူညီရင်လည်း US နဲ့ UN ရဲ့ R2P ကလည်း ၀င်ချလာနိုင်တာမို့ ချီးနားသေချာပေါက် လက်ရှောင်ပြီး မအလကို လာပြောတယ်

အခုအရေး မထိန်းနိုင်သေးဘူး NUG ကလည်း စစ်ပြင်ထားပြီ ဒီတော့ သူ့အကျိုးစီးပွား မထိခိုက်အောင် ဘယ်လိုကာကွယ်ပေးမလဲ အာမခံမလဲ

ထို့အတွက် အကယ်၍ နိုင်အောင်ရအောင်ထိန်း မထိန်းနိုင်ရင် NUG ပဲ ထောက်ခံပြီး ငါ့အကျိုးစီးပွား မထိခိုက်အောင် လုပ်ရမှာပဲ (ထိုအတွက် ချိးနားမှ NLD ကို ကပ်ခွထားပြီ)

ဂျပုမှ ဆုတ်စားရှူးနဲ့ အောင့်ကာနမ်း ရအောင်ထိန်းပါ့မယ် လိုအပ်တာ ကူညီပေးပါ UN ကအစ NUG ကို မထောက်ခံနိုင်အောင် ကာဗာလုပ်ပေးပါ စသည်…..

ရတယ်လေ တတ်နိုင်သလောက် လုပ်ကြည့်ပေးမယ် အခြားနိုင်ငံတွေ ငါတို့ပိုင်တယ် အနည်းဆုံးတော့ အချိန်ထပ်ဆွဲလို့ရတယ် ဒါပေမယ့် NUG ဘက်က အခြေနေက အချိန်ထပ်ဆွဲတာကို မစောင့်ပဲ စစ်ရေးနဲ့ တိုက်လာနိုင်တယ် အဲဒါမင်း ဘယ်လို လုပ်ပေးနိုင်လဲ

ချီတုတ်ပြီ.. အခြေနေက မအလဖြုတ်ချ တကောင်တင်ပေးဖို့လည်း မဖြစ်နိုင်‌တော့ ပြည်သူက အဆူံးထိ စစ်အာဏာရှင် စနစ်ကို အပြီးဖြတ်ဖို့ စိုင်းပြင်းနေတာ တျုတ်ကြီးသိနေသလို NUG အားကောင်းလာမှုကလည်း ထိန်းမနိုင်ဖြစ်နေပြီဆိုတာ

ဒီတော့ ဒီပွဲ စကစ ရှုံးပြီ‌ဆိုတာ အဖြေထွက်နေတော့ တျုတ်ကြီး စစ်ရေးနဲ့ အကျိုးစီးပွားဆို အကျိုးစီးပွားပဲ ရွေးမှာပေါ့ ရင်းနှီးမြုတ်နှံမှု ကုန်သွယ်မှုမှအစ အပ်ကနေ လက်နက်အဆုံး တျုတ်ကြီး ဈေးကွက်နယ်မြေနဲ့ နိုင်ငံရေး စစ်ရေး စိတ်ကြိုက်နယ်မြေ ဖြစ်နေတော့ အကျိုးစီးပွားအထိမခံပဲ ယခုစောက်ရူးဂျပုကို ကန်ထုတ်ပြီပေါ့

ဒီတော့ ငပုကလည်း လူလည် မွေးထားတဲ့မျောက် ပြန်ခြောက်ပြီ ထိုသို့အဖြစ်မခံ အဆင်းမခံ အာဏာကို ရသလောက်ဖက်တွယ်ပြီး သူ့ကို ကန်ထုတ် မောင်းချနေသော တျုတ်ကြီးပါ အဖက်မလုပ်သည့်ပုံစံနဲ့ချိုးလာပြီး စီးပွားရေးကလွဲ နိုင်ငံရေး စစ်ရေး ဖြတ်တောက်ပြီး ဖော်လိုပဲ ဆက်ဆံမယ်ဆိုပြီး ရုရှားကို ဦးထိပ်ပန်ဆင် ရှေ့တန်းတင်ပြီး တျုတ်ကို နောက်ပို့ ဘေးဖယ်ထုတ်စေလိုက်တယ်

ဒီအချက်နဲ့တင် တျုတ်ကြီးပေါက်ကွဲပြီ တချိန်လုံး ဖျင်ယက်လာတဲ့ကောင်က သူ့ကန်ထုတ် ရုရှားဘောပြေးမတယ်ဆိုပြီး.. ဒီအချက်နဲ့တင် သူ့အကျိုးစီးပွားအတွက်နဲ့ ကြိုးဆွဲချုပ်ကိုင်လို့မရတဲ့ ငပုကို ချီးနားတို့ အသုံးချလို့မရတော့ဘူးဆိုပြီး လက်လွှတ် ထိုးကြွေးကြတော့မည်ဆိုတာ

ထိုအတွက် ရုရှားကလည်း လက်နက်ရောင်း ပြေးလာရင် နေထိုင်ဖို့ ကူညီကာဗာလုပ်ပေးခ ဒေါ်လာသန်းချီတောင်းပြီလေ သူ့အတွက် အမြတ်ကြီးပဲ ဒီကြားထဲ ငပုကို မြောက်ပေးပြီး ရသလောက်စစ်တိုက်ခိုင်းစေပြီး နိုင်ခဲ့ရင် စစ်စခန်းပါ ရမှာဆိုတော့ တျုတ်ကြီး ကိုကိုးကျွန်း မာဒေးကျွန်းတို့နဲ့ ထိပ်တိုက်ဖြစ်လာပြီဆိုတော့ ရှီဖော်တွေ ဂျပုကို နှာတင်း ကန်ထုတ် ထိုးချဖို့ ပိုသေချာနေပြီဆိုတာ

ထိုအတွက် ဂျပုမကျဆုံးခင် နောက်တက်လာမည့် အစိုးရကို နိုင်ငံရေး ဆက်ကစားနိုင်ဖို့ ပြည်တွင်းထဲ ချယ်လှယ်ပြီး USနဲ့ ဒိမိုမဟာမိတ်နိုင်ငံတွေကို ယှဉ်ပြိုင်ပြီး အကျိုးစီးပွားအရယူနိုင်ဖို့ ငပုကို နိုင်ငံရေး စစ်ရေးတွေ တဖက်လှည့်နဲ့ မက်လုံးပေးပြီး ထိုအတွက် လိုချင်တာတွေ သဲ့ယူ တောင်းယူသွားပြီဆိုတာ မြေကြီးလက်ခတ် မလွဲပါဟု( အထူးသဖြင့် စစ်ဖြစ်ခဲ့ရင် သူ့အကျိုးစီးပွားတွေ ထိခိုက်နစ်နာမှုအတွက် အာမခံလျော်ကြေးအဖြစ် ကာကွယ်ကြေးအဖြစ် လိုချင်တဲ့ နယ်မြေ စီမံကိန်းတွေ အရယူသွားပြီဆိုတာ )

ဂျပုကလည်း သူ့အသက်အာမခံရရှိဖို့အရေး ရုရှားနဲ့ ချီးနားကို ဈေးပြိုင်လေလံတင် ခေါ်ကစားပြီး ကာကွယ်မှု ပိုပေးနိုင်သူကို လိုချင်တာ ယူစေသတည်းဆိုပြိး အကုန်ထိုးချ ရောင်းစားခဲ့မှာ အသေချာပါဟု အသိပေးရင်း ရုရှားနဲ့ ချီးနားဟာ ဒီပွဲအဖြေ ကြိုသိနေပေမယ့် စောင့်ပေါငပုကို မြောက်ပေး လိုချင်တာ အရယူနေတာဆိုတာနဲ့( သို့ကြောင့် NUG PDF ‌တွေကိုကြောက်ပြီး နယ်စပ်မှာ တျုတ်စစ်ကားတွေ အများကြီး စစ်တပ်ကို ကူညီဖို့အသင့်ဟုဆိုပြီး စခဘောမများမှ ဆိုက်ဝါးထည့်‌လွှင့်ထုတ်နေ )

ထို့အပြင် အကယ်၍ ငပုအချိုးမပြေပဲ အာဏာကိုထိန်းမနိုင် NUG က D Day နဲ့ စစ်ရေးစလာခဲ့ရင် …. ထိုအချိန် အစပျိုးရုံရှိသေး တျုတ်ကြီးက သူ့အကျိုးစီးပွားတွေ ထိခိုက်တော့မယ် ဘာမှကာကွယ်မှု မပြုပေးနိုင်ဘူးဆိုပြီး

– မအလကို ဆွဲကန် ချလိုက်လေမလား ??

– အရယူထားတဲ့ စာချုပ်တွေနဲ့ ကိုင်ပေါက်ခြိမ်းခြောက်ပြီး အကြပ်ကိုင်လေမလား ??

– NUG ဘက် ခွထိုင်ပြီး ရသလောက် မျှချေနဲ့နိုင်ငံရေးကို ဆက်ကစားလေမလား ??

သေချာတာက မီးစာရေမှုတ်တဖက်နဲ့ ဖြစ်လာမည့်အရေးကို ဆုံးရှူံးနစ်နာမှုမရှိစေရန် ကြိုတင်လက်ဦး အရယူထားတဲ့ ချီးနားအတွက် ယခုပွဲဟာ နိုင်ငံရေးအရ ရှုံးပေမယ့် အကျိုးစီးပွားအရ သိပ်အရှူံးမရှိသလို ဖို့အတွက် ထိုအတွက် ထောင့်စေအောင် ကာရန်ပြုလုပ်ထားပြီး ဖြစ်လေသည် ( စကစကျလျှင် NUG ပါ ကပ်ထားသည် )

သို့ကြောင့် ချီးနာကိုစွန့် ရုရှားကို ဆရာတင်ပြီး အဆုံးထိ မိုက်မည့် မအလကို တျုတ်ကြီးက စစ်ရေးစတာနဲ့ သူ့အကျိုးစီးပွားမထိခိုက်အောင် မည့်သို့ ရှောင်လွှဲဖို့ ရိုက်ချမည်ဆိုတာနဲ့ မအလကို ဘယ်လိုနည်းနဲ့ သူကိုယ်တိုင် အဆုံးသတ်ပြီး ထိုးချ ငြိမ်းသက်မလဲဆိုတာ

D Day ထက် ထိုအရေးကို ပြကွက် လှည့်ကွက်ကို ပိုစိတ်ဝင်စား သိချင်နေသည်မှာ ကျွန်ုပ်တစ်ယောက်ထဲတော့ မဟုတ်တန်ရာဖြစ်၍ အထပ်ထပ်ရေးအသိပေးခဲ့သည့်အတိုင်း ပွဲဟာ မစခင်ကတည်းက ပြည်သူနိုင်နေပြီဆိုတာ သိမြင် ယုံကြပါဟု အသိပေးရင်း

အရေးတော်ပုံ အောင်နေပြီ စကစပြိုကျ ထွက်ပြေးဖို့ လက်တကမ်းအလိုသာဟု !!

crd-မင်းကြည်ညိုနေ 🕊️

Add a Comment

Your email address will not be published. Required fields are marked *