KNU တပ္မဟာ ၁ ႏွင့္ အာဏာသိမ္း အၾကမ္းဖက္ စစ္အုပ္စုတို႔ တိုက္ပြဲျဖစ္ပြား၊ စစ္တပ္ဘက္မွ ၃ဦးေသ

KNU တပ္မဟာ ၁ ႏွင့္ အာဏာသိမ္း အၾကမ္းဖက္ စစ္အုပ္စုတို႔ တိုက္ပြဲျဖစ္ပြား၊ စစ္တပ္ဘက္မွ ၃ဦးေသ
ရန္ကုန္၊ ၾသဂုတ္လ ၂၉

ေကအဲန္ယူ- သထုံခရိုင္၊ ဘားအံ ၿမိဳ႕နယ္၊ တေကာင္ဘိုးေက်းနယ္ အုပ္စု၊ မီးပုံးေက်းရြာအနီးတြင္ ယေန႔နံနက္ (၇)နာရီခြဲ အခ်ိန္၌ KNLA တပ္ရင္း(၁)ႏွင့္ အာဏာသိမ္း အၾကမ္းဖက္စစ္အုပ္စု လက္ေအာက္ခံတပ္မ်ား (၁၅)မိနစ္ခန္႔တိုက္ပြဲ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ယင္းတိုက္ပြဲတြင္ အၾကမ္းဖက္ စစ္အုပ္စုဘက္မွ(၃)ဦးက်ဆုံးေၾကာင္း သိရၿပီး ကရင္အမ်ိဳးသား လြတ္ ေျမာက္ေရး တပ္မေတာ္ KNLAဖက္မွ ထိခိုက္ က်ဆုံးမႈမရွိေၾကာင္း ေကအဲန္ယူ-ဘားအံၿမိဳ႕နယ္ သတင္းႏွင့္ျပန္ၾကားေရး ဌာနခြဲက သတင္းထုတ္ျပန္သည္။

——

KNU တပ်မဟာ ၁ နှင့် အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွား၊ စစ်တပ်ဘက်မှ ၃ဦးသေ
ရန်ကုန်၊ သြဂုတ်လ ၂၉

ကေအဲန်ယူ- သထုံခရိုင်၊ ဘားအံ မြို့နယ်၊ တကောင်ဘိုးကျေးနယ် အုပ်စု၊ မီးပုံးကျေးရွာအနီးတွင် ယနေ့နံနက် (၇)နာရီခွဲ အချိန်၌ KNLA တပ်ရင်း(၁)နှင့် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်များ (၁၅)မိနစ်ခန့်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် အကြမ်းဖက် စစ်အုပ်စုဘက်မှ(၃)ဦးကျဆုံးကြောင်း သိရပြီး ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် KNLAဖက်မှ ထိခိုက် ကျဆုံးမှုမရှိကြောင်း ကေအဲန်ယူ-ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲက သတင်းထုတ်ပြန်သည်။

Add a Comment

Your email address will not be published. Required fields are marked *