MYTEL TOWER တိုင်စက်ဖျက်ဆီးမီးရှို့ခံလိုက်ရ
—————-
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဆင်စွယ်ကျေးရွာအနောက်ဘက် သုသာန်အနီးမှာရှိတဲ့ MYTEL TOWER တိုင်စက် စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်းက ဖျက်ဆီးမီးရှို့ခံလိုက်ရတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “ဆင်စွယ်ရွာအနောက်ဘက်မှာရှိတဲ့ သုသာန်အနီးက မိုင်တဲတာဝါတိုင်စက်ကို ဒီနေ့ နေ့လယ်ပိုင်းလောက်က မီးရှို့ဖျက်ဆီးသွားတာ။ ဘာလက်နက်နဲ့ ဖျက်ဆီးတယ်ဆိုတာ မသိရသလို ဘယ်အဖွဲ့က လုပ်တာလည်း မသိရဘူး” လို့ ပြောပါတယ်။
ယင်းမာပင်မြို့နယ်ထဲမှာ ဆက်သွယ်ရေးတာဝါတိုင်တွေနဲ့ပတ်သက်ပြီး အခုလိုဖြစ်စဥ် ယခင်က မရှိခဲ့ဖူးဘူးလို့ သိရပါတယ်။crd-
————