NUG ကို အေမရိကန္အစိုးရ အသိအမွတ္ျပဳ မျပဳ ေမးျမန္းခ်က္
|အမေရိကန်အစိုးရ အဆင့်မြင့် တာဝန်ရှိသူတဦးနဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်တဦးတို့ကြား ဆက်သွယ်ပြောဆိုခဲ့တဲ့အပေါ် NUG ကို အသိအမှတ်ပြုဖို့ အမေရိကန်အစိုးရက စဉ်းစားနေတဲ့လက္ခဏာလားဆိုတဲ့မေးခွန်း ထွက်လာပါတယ်။
ဒီမေးခွန်းနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲအတွင်း အပြတ် ငြင်းဆိုတာမျိုးမရှိသလို ဟုတ်မှန်ကြောင်းအတည်ပြုပြောဆိုတာမျိုးလည်း မရှိခဲ့ပါဘူး။
“ပထမဆုံးပြောချင်တာက ဒီမိုကရေစီပြန်ရတာ မြင်ချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေကြတဲ့ မြန်မာလူထုနဲ့အတူ ကျနော်တို့ ရပ်တည်တယ်ဆိုတာပါပဲ။ မြန်မာလူထုအပေါ် ကျနော်တို့ရဲ့ ခိုင်မာတဲ့ထောက်ခံမှု တစိတ်တပိုင်းအနေနဲ့ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေးကို ပြန်ထူထောင်ဖို့ ကြိုးစားနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီလိုလားတဲ့ အစုအဖွဲ့တွေနဲ့ ကျနော်တို့ ဆက်သွယ်ပြောဆိုပါတယ်။
ဒီကနေ့အထိဆိုရင် ဒုဝန်ကြီး Sherman သာမက အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာဌာနက တာဝန်ရှိသူတွေအပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးလည်းပါပါတယ်။ သူတို့တွေဟာ NUG ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။
ဒီဆက်သွယ်မှုကို ပိုပြီး အလေးအနက် ဆက်လုပ်သွားပါမယ်။ ဒုဝန်ကြီး Sherman နဲ့ ဒေါ်ဇင်မာအောင်တို့ ပြီးခဲ့တဲ့သီတင်းပတ်က စကားပြောခဲ့ချိန်အတွင်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို အမေရိကန်က ဆက်ပြီးထောက်ခံသွားရေးအပါအဝင် မန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး လုပ်ဆောင်နေဆဲ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်တာကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ကိုဗစ် ရောဂါကြောင့် ထိခိုက်ခံစားနေရတာနဲ့ မြန်မာလူထုအတွက် အထူးလိုအပ်နေတဲ့ လူသားစာနာမှုအကူအညီ ပေးရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်” လို့ ပြောခွင့်ရ Ned Price ကပြောပါတယ်။
ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဆက်သွယ် ပြောဆိုခဲ့တဲ့သတင်း ထွက်လာပြီးတဲ့နောက် NUG အပေါ် အမေရိကန်အစိုးရရဲ့သဘောထား အပြောင်းအလဲ ရှိလာတော့မလားဆိုတာ ပိုပြီး စိတ်ဝင်စားလာကြတာပါ။
အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူအသီးသီး NUG နဲ့ ဆက်သွယ်ပြောဆိုတာတွေ ရှိထားပါတယ်ဆိုပေမယ့်လည်း ဒုဝန်ကြီး Wendy Sherman ဟာ အခုချိန်ထိဆိုရင် အမေရိကန်အစိုးရအဖွဲ့ထဲက NUG နဲ့ ဆက်သွယ်ပြောဆိုခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ အဆင့်အမြင့်ဆုံး တာဝန်ရှိသူတဦးဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ တရားဝင်အစိုးရအဖြစ် ဘယ်အဖွဲ့အစည်းကို အသိအမှတ်ပြုမလဲဆိုတာ လာမယ့် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း သုံးသပ်ဆုံးဖြတ်မယ့်အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
Credentials Committee လို့ခေါ်တဲ့ ကုလသမဂ္ဂမှာ နိုင်ငံတွေရဲ့ တရားဝင်ကိုယ်စားပြုမှုကို ဆန်းစစ်သုံးသပ်ပြီး အထွေထွေညီလာခံကို တင်ပြရတဲ့ ကော်မတီကို အဖွဲ့ဝင် ၇ နိုင်ငံနဲ့ ဖွဲ့စည်းထားပါတယ်။
ကျင်းပဖို့ရှိတဲ့ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် Credentials Committee ရဲ့ အဖွဲ့ဝင်နိုင်ငံတွေကတော့ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိုက်စ်လန်၊ ပါပူဝါနယူးဂီနီ၊ Trinidad and Tobago ၊ တန်ဇန်းနီးယားနဲ့ ဥရုဂွေးနိုင်ငံတို့ဖြစ်ပါတယ်။
—————————–
အေမရိကန္အစိုးရ အဆင့္ျမင့္ တာဝန္ရွိသူတဦးနဲ႔ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) အဖြဲ႕ဝင္တဦးတို႔ၾကား ဆက္သြယ္ေျပာဆိုခဲ့တဲ့အေပၚ NUG ကို အသိအမွတ္ျပဳဖို႔ အေမရိကန္အစိုးရက စဥ္းစားေနတဲ့လကၡဏာလားဆိုတဲ့ေမးခြန္း ထြက္လာပါတယ္။
ဒီေမးခြန္းနဲ႔ပတ္သက္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က အဂၤါေန႔ သတင္းစာရွင္းလင္းပြဲအတြင္း အျပတ္ ျငင္းဆိုတာမ်ိဳးမရွိသလို ဟုတ္မွန္ေၾကာင္းအတည္ျပဳေျပာဆိုတာမ်ိဳးလည္း မရွိခဲ့ပါဘူး။
“ပထမဆုံးေျပာခ်င္တာက ဒီမိုကေရစီျပန္ရတာ ျမင္ခ်င္တယ္ဆိုတာကို ရွင္းရွင္းလင္းလင္း ျပသေနၾကတဲ့ ျမန္မာလူထုနဲ႔အတူ က်ေနာ္တို႔ ရပ္တည္တယ္ဆိုတာပါပဲ။
ျမန္မာလူထုအေပၚ က်ေနာ္တို႔ရဲ႕ ခိုင္မာတဲ့ေထာက္ခံမႈ တစိတ္တပိုင္းအေနနဲ႔ ဒီမိုကေရစီနည္းက်အုပ္ခ်ဳပ္ေရးကို ျပန္ထူေထာင္ဖို႔ ႀကိဳးစားေနတဲ့ အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြ၊ ဒီမိုကေရစီလိုလားတဲ့ အစုအဖြဲ႕ေတြနဲ႔ က်ေနာ္တို႔ ဆက္သြယ္ေျပာဆိုပါတယ္။
ဒီကေန႔အထိဆိုရင္ ဒုဝန္ႀကီး Sherman သာမက အေရွ႕အာရွနဲ႔ ပစိဖိတ္ေဒသဆိုင္ရာဌာနက တာဝန္ရွိသူေတြအျပင္ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီးလည္းပါပါတယ္။ သူတို႔ေတြဟာ NUG ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံခဲ့ဖူးပါတယ္။
ဒီဆက္သြယ္မႈကို ပိုၿပီး အေလးအနက္ ဆက္လုပ္သြားပါမယ္။ ဒုဝန္ႀကီး Sherman နဲ႔ ေဒၚဇင္မာေအာင္တို႔ ၿပီးခဲ့တဲ့သီတင္းပတ္က စကားေျပာခဲ့ခ်ိန္အတြင္းျမန္မာ့ဒီမိုကေရစီေရး လႈပ္ရွားမႈကို အေမရိကန္က ဆက္ၿပီးေထာက္ခံသြားေရးအပါအဝင္ မန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေရး လုပ္ေဆာင္ေနဆဲ ႀကိဳးပမ္းမႈေတြနဲ႔ ပတ္သက္တာကို ေဆြးေႏြးခဲ့ၾကပါတယ္။
ဒါ့အျပင္ ကိုဗစ္ ေရာဂါေၾကာင့္ ထိခိုက္ခံစားေနရတာနဲ႔ ျမန္မာလူထုအတြက္ အထူးလိုအပ္ေနတဲ့ လူသားစာနာမႈအကူအညီ ေပးေရးကိစၥေတြကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္” လို႔ ေျပာခြင့္ရ Ned Price ကေျပာပါတယ္။
ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman နဲ႔ NUG ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္တို႔ ဆက္သြယ္ ေျပာဆိုခဲ့တဲ့သတင္း ထြက္လာၿပီးတဲ့ေနာက္ NUG အေပၚ အေမရိကန္အစိုးရရဲ႕သေဘာထား အေျပာင္းအလဲ ရွိလာေတာ့မလားဆိုတာ ပိုၿပီး စိတ္ဝင္စားလာၾကတာပါ။
အေမရိကန္ႏိုင္ငံျခားေရးဌာနက တာဝန္ရွိသူအသီးသီး NUG နဲ႔ ဆက္သြယ္ေျပာဆိုတာေတြ ရွိထားပါတယ္ဆိုေပမယ့္လည္း ဒုဝန္ႀကီး Wendy Sherman ဟာ အခုခ်ိန္ထိဆိုရင္ အေမရိကန္အစိုးရအဖြဲ႕ထဲက NUG နဲ႔ ဆက္သြယ္ေျပာဆိုခဲ့တယ္လို႔ တရားဝင္ထုတ္ျပန္ထားတဲ့ အဆင့္အျမင့္ဆုံး တာဝန္ရွိသူတဦးျဖစ္ပါတယ္။
ဒါ့အျပင္ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳတဲ့ တရားဝင္အစိုးရအျဖစ္ ဘယ္အဖြဲ႕အစည္းကို အသိအမွတ္ျပဳမလဲဆိုတာ လာမယ့္ စက္တင္ဘာလ ကုလသမဂၢ အေထြေထြညီလာခံအတြင္း သုံးသပ္ဆုံးျဖတ္မယ့္အခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။
Credentials Committee လို႔ေခၚတဲ့ ကုလသမဂၢမွာ ႏိုင္ငံေတြရဲ႕ တရားဝင္ကိုယ္စားျပဳမႈကို ဆန္းစစ္သုံးသပ္ၿပီး အေထြေထြညီလာခံကို တင္ျပရတဲ့ ေကာ္မတီကို
အဖြဲ႕ဝင္ ၇ ႏိုင္ငံနဲ႔ ဖြဲ႕စည္းထားပါတယ္။
က်င္းပဖို႔ရွိတဲ့ ၇၅ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံအတြက္ Credentials Committee ရဲ႕ အဖြဲ႕ဝင္ႏိုင္ငံေတြကေတာ့ အေမရိကန္၊ တ႐ုတ္၊ ႐ုရွား၊
အိုက္စ္လန္၊ ပါပူဝါနယူးဂီနီ၊ Trinidad and Tobago ၊ တန္ဇန္းနီးယားနဲ႔ ဥ႐ုေဂြးႏိုင္ငံတို႔ျဖစ္ပါတယ္။