
သြဂုတ်၇၊ ၂၀၂၁









“NUG ထီနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို လာမည့် ၁၀ ရက်နေ့မှာ ထုတ်ပြန်သွားရန်ရှိ”

သြဂုတ်ရ၊ ၂၀၂၁

NUG အစိုးရက ထုတ်ဝေမည့် ထီနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို လာမည့် သြဂုတ် ၁၀ ရက် နေ့မှာ အသေးစိတ်အချက်အလက် ထုတ်

ပြန်ပေးသွားမယ်လို့ NUG အစိုးရရဲ့ စီမံဘဏ္ဍာနဲ့ ရင်းနှီးမြှပ်နှံမှု ဒုဝန်ကြီး ဦးမင်းဇေယျာဦးက Burma VJ ကိုပြောပါတယ်။

“ အသေးစိတ်အချက်အလက်တွေကို ၁၀ ရက်နေ့မှာ ထုတ်ပြန်သွားဖို့ရှိပါတယ်။ ထီကိုတော့ E lottery စနစ်နဲ့ သွားမှာပါ။ ထီကိုတော့ အခုလ

လည်လောက်မှာ စတင်ကံစမ်းလို့ရပါပြီ” လို့ ဦးမင်းဇေယျာဦးကပြောပါတယ်။

NUG အနေနဲ့ ထီထိုးတဲ့သူရော၊ ထီဖြန့်ဝေပေးသူရောရဲ့ လုံခြုံရေးအတွက် ဦးစားပေးစီစဉ်ထားတယ်လို့လည်း ဆက်ပြောပါတယ်။ လုံခြုံရေးနဲ့ပတ်သက်ပြီး

အသေးစိတ်စဉ်းစားဆောင်ရွက်ထားတယ်လို့လည်း ဆက်ပြောပါ တယ်။

NUGအစိုးရက စစ်ကောင်စီလက်ထက် ထီစနစ်ပျက်ဆီးသွားပြီး ထီထိုးသူမရှိတော့တဲ့ အချိန်မှာ ထီစတင်ထုတ် ဝေမည်လို့ ပြောလိုက်တာဖြစ်ပြီး

စိတ်ဝင်စားသူတွေလည်း များပြားနေတယ်လို့လည်း ဆက်ပြောပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *