Radio NUG ကို ျပန္လည္ နားဆင္နိုင္ၿပီ

အမ်ိဳးသားညီညြတ္ေရးအစိုးရက ထုတ္လႊင့္တဲ့ Radio NUG ကို ျပန္လည္ နားဆင္နိုင္ၿပီ
==================================

အမ်ိဳးသားညီညြတ္ေရးအစိုးရမွ ထုတ္လႊင့္သည့္ Radio NUG ကို အိမ္သုံး ေရဒီယိုမ်ားျဖင့္ ေလလွိုင္းတစ္ဆင့္ ျပန္လည္ဖမ္းယူနားဆင္နိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

ယေန႔ ဩဂုတ္လ ၂၆ရက္ မနက္ ၈နာရီ ႏွင့္ ည ၈နာရီအခ်ိန္ေတြမွာ လွိုင္းတိုမီတာ ၁၆၊ မက္ဂါဟတ္ဇ္ ၁၇.၇၁ မွတစ္ဆင့္ Radio NUG ရဲ့ အစီအစဥ္ေတြကို

မနစ္ ၃၀ ၾကာ တိုက္ရိုက္ဖမ္းယူနားဆင္နိုင္မည္ ျဖစ္သည္။

 

Radio NUG ကို ဩဂုတ္လ ၂၀ရက္မွ စတင္စမ္းသပ္ထုတ္လႊင့္ခဲ့ေပမယ့္ ၂၁ရက္ေန႔မွာေတာ့ ေလလွိုင္းထုတ္လႊင့္မႈကို ေခတၱ ရပ္နားခဲ့ၿပီး ယေန႔တြင္ ျပန္လည္

ဖမ္းယူနားဆင္နိုင္ေၾကာင္း ထုတ္ျပန္ေၾကညာသည္။

 

အစီအစဥ္မ်ားအေနျဖင့္ သတင္းမ်ား၊ ကိုဗစ္ကာကြယ္ေရးဆိုင္ရာ တင္ျပခ်က္ႏွင့္ခြန္အားမၽွေပးစာက႑၊ ေႏြဦးအႏုပညာ တင္ဆက္မႈ၊ CDM တို႔ရဲ့ အသံမ်ားက႑၊

PDF ဂုဏ္ျပဳ ေတးသီခ်င္း တင္ဆက္မႈ စသည္မ်ားကို ထုတ္လႊင့္မည္ျဖစ္ေၾကာင္း သိရသည္။

 

NUG အစိုးရက ေရဒီယိုေတြ ေဆာင္ထားဖို႔ တိုက္တြန္းၿပီးတဲ့ေနာက္မွာ ေစ်းကြက္အတြင္းေရဒီယိုေတြ ဝယ္မရေတာ့တဲ့အထိ ေရာင္းေကာင္းခဲ့ကာ Radio NUG ကို

တရားမဝင္ေၾကာင္း စစ္ေကာင္စီက ေၾကျငာခဲ့ၿပီး ကူညီသူေတြကိုလည္း အေရးယူမည္ျဖစ္ေၾကာင္း ၿခိမ္းေျခာက္ခဲ့ေသးသည္။

 

အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်လွှင့်တဲ့ Radio NUG ကို ပြန်လည် နားဆင်နိုင်ပြီ
==================================

အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်လွှင့်သည့် Radio NUG ကို အိမ်သုံး ရေဒီယိုများဖြင့် လေလှိုင်းတစ်ဆင့် ပြန်လည်ဖမ်းယူနားဆင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ယနေ့ ဩဂုတ်လ ၂၆ရက် မနက် ၈နာရီ နှင့် ည ၈နာရီအချိန်တွေမှာ လှိုင်းတိုမီတာ ၁၆၊ မက်ဂါဟတ်ဇ် ၁၇.၇၁ မှတစ်ဆင့် Radio NUG ရဲ့

အစီအစဉ်တွေကို မနစ် ၃၀ ကြာ တိုက်ရိုက်ဖမ်းယူနားဆင်နိုင်မည် ဖြစ်သည်။

 

Radio NUG ကို ဩဂုတ်လ ၂ဝရက်မှ စတင်စမ်းသပ်ထုတ်လွှင့်ခဲ့ပေမယ့် ၂၁ရက်နေ့မှာတော့ လေလှိုင်းထုတ်လွှင့်မှုကို

ခေတ္တ ရပ်နားခဲ့ပြီး ယနေ့တွင် ပြန်လည် ဖမ်းယူနားဆင်နိုင်ကြောင်း ထုတ်ပြန်ကြေညာသည်။

 

အစီအစဉ်များအနေဖြင့် သတင်းများ၊ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ တင်ပြချက်နှင့်ခွန်အားမျှပေးစာကဏ္ဍ၊ နွေဦးအနုပညာ တင်ဆက်မှု၊ CDM တို့

ရဲ့ အသံများကဏ္ဍ၊ PDF ဂုဏ်ပြု တေးသီချင်း တင်ဆက်မှု စသည်များကို ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

 

NUG အစိုးရက ရေဒီယိုတွေ ဆောင်ထားဖို့ တိုက်တွန်းပြီးတဲ့နောက်မှာ စျေးကွက်အတွင်းရေဒီယိုတွေ ဝယ်မရတော့တဲ့အထိ ရောင်းကောင်းခဲ့ကာ Radio

NUG ကို တရားမဝင်ကြောင်း စစ်ကောင်စီက ကြေငြာခဲ့ပြီး ကူညီသူတွေကိုလည်း အရေးယူမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သေးသည်။

Add a Comment

Your email address will not be published. Required fields are marked *