TNLA နဲ႔ စစ္ေကာင္စီတပ္ တိုက္ပြဲျဖစ္၊ စစ္ေကာင္စီတပ္သား ေသဆုံးၿပီး ရြာခံတစ္ဦး ေသနတ္ထိမွန္ ဒဏ္ရာရ
|TNLA နဲ႔ စစ္ေကာင္စီတပ္ တိုက္ပြဲျဖစ္၊ စစ္ေကာင္စီတပ္သား ေသဆုံးၿပီး ရြာခံတစ္ဦး ေသနတ္ထိမွန္ ဒဏ္ရာရ
———————
ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕နယ္ မန္႔မိုင္နဲ႔ နမ့္မရြာၾကားမွာ တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (PSLF/TNLA)နဲ႔ စစ္ေကာင္စီတပ္တို႔ ဒီေန႔မန
က္ ၃ နာရီေက်ာ္က တိုက္ပြဲျဖစ္ပြားခဲ့ရာ စစ္ေကာင္စီဘက္က တစ္ဦးေသဆုံးခဲ့ၿပီး ရြာခံတစ္ဦး ေသနတ္ထိမွန္ ဒဏ္ရာရရွိခဲ့ပါတယ္။
နာရီဝက္ခန္႔သာ တိုက္ပြဲျဖစ္ပြားခဲ့ေပမဲ့ တိုက္ပြဲျဖစ္ပြားရာသို႔ စစ္ေကာင္စီတပ္စခန္းျဖစ္တဲ့ ၾကဴဆိုင္းနဲ႔ စခန္းသစ္ကုန္းကေန ၆ နာရီခြဲအထိ လက္နက္ႀကီးေတြ ပစ္ခတ္
ခဲ့တယ္လို႔ သိရပါတယ္။
ရြာခံတစ္ဦးက “ဒီမနက္ စစ္ေကာင္စီတပ္နဲ႔ TNLA မိနစ္ပိုင္းပဲ ပစ္ခတ္ၾကတာ။ စခန္းသစ္ကုန္းကေန စစ္တပ္က လက္နက္ႀကီး တစ္ဖက္သတ္ ပစ္ေနတာေလ” လို႔ ေျ
ပာပါတယ္။
တံခါးေပါက္ ဖြင့္ၾကည့္မိတဲ့ အသက္ ၇၀ ေက်ာ္ ရြာခံတစ္ဦးကို စစ္ေကာင္စီက ေသနတ္နဲ႔ ပစ္ခတ္လိုက္ရာ ပါးစပ္မွာ ထိမွန္ခဲ့ေၾကာင္း ၎က ေျပာပါတယ္။
ေျမင္ျပင္က တိုက္ပြဲသတင္း အခ်က္အလက္ ပို႔ေပးလာတာ မရွိေသးေၾကာင္း PSLF/TNLA တပ္ဖြဲ႕ရဲ့ ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မႉးႀကီး မိုင္းအိုက္ေက်ာ္က ေျပာပါတယ္။
နမ့္မရြာအတြင္းမွာ မေပါက္ကြဲေသးတဲ့ လက္နက္ႀကီးတစ္လုံး ရွိေနေၾကာင္း ရြာခံေတြက ေျပာဆိုလာပါတယ္။
Photo-Local
TNLA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား သေဆုံးပြီး ရွာခံတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရ
———————
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်မိုင်နဲ့ နမ့်မရွာကြားမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)နဲ့ စစ်ကောင်စီ
တပ်တို့ ဒီနေ့မနက် ၃ နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့ပြီး ရွာခံတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
နာရီဝက်ခန့်သာ တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ကြူဆိုင်းနဲ့ စခန်းသစ်ကုန်းကနေ ၆ နာရီခွဲအထိ လက်နက်ကြီးတွေ
ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ရွာခံတစ်ဦးက “ဒီမနက် စစ်ကောင်စီတပ်နဲ့ TNLA မိနစ်ပိုင်းပဲ ပစ်ခတ်ကြတာ။ စခန်းသစ်ကုန်းကနေ စစ်တပ်က လက်နက်ကြီး တစ်ဖက်သတ် ပစ်နေတာလေ”
လို့ ပြောပါတယ်။
တံခါးပေါက် ဖွင့်ကြည့်မိတဲ့ အသက် ၇၀ ကျော် ရွာခံတစ်ဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်လိုက်ရာ ပါးစပ်မှာ ထိမှန်ခဲ့ကြောင်း ၎င်းက ပြောပါ
တယ်။
မြေင်ပြင်က တိုက်ပွဲသတင်း အချက်အလက် ပို့ပေးလာတာ မရှိသေးကြောင်း PSLF/TNLA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး မိုင်း
အိုက်ကျော်က ပြောပါတယ်။
နမ့်မရွာအတွင်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတစ်လုံး ရှိနေကြောင်း ရွာခံတွေက ပြောဆိုလာပါတယ်။
Photo-Local